EP35(U&Z)

2.5K 270 3
                                    

.Uni

EP35 လူတစ်ယောက်ကိုချစ်မိခြင်း

ယန်ရုန်က ဝမ်ကျင့်ကိုသံသယရှိနေဆဲမို့
ထပ်မေးလိုက်တယ်။

"သူ့ကိုမုန်းလို့ ရလား ?"

ဝမ်ကျင့်က အမှန်အတိုင်းပြောလာတယ်။

"အဲ့ဒါက နည်းနည်းတော့ ခက်ခဲတယ် "

ယန်ရုန်က ဝမ်ကျင့်ပြောလာတဲ့ ခက်ခဲတယ်ဆိုတဲ့အရာကို သူမသိဘူး၊သူ့အတွေးထဲမှာတော့ ဝမ်ကျင့်ခုလို စိတ်နှစ်ခွဖြစ်လာအောင်
ကျင်းယွဲ့ ကဝင်ရောက်လာတယ်လို့တွေးမိလိုက်တယ်။

သူအရမ်းဒေါသတွေထွက်နေတယ်၊

"ဝမ်ကျင့်ကော ကို သွေးဆောင်ဖြားယောင်းဖို့ သူဒီကို လိုက်လာတယ်ဆိုတာကို ကျွန်တော်သိတယ်၊အရမ်း စိတ်ပျက်စရာကောင်းတယ်"

ယန်ရုန် သဝန်တိုတဲ့ အခါတိုင်းဖြစ်လာတဲ့
ပုံစံလေးက အရမ်း ချစ်ဖို့ကောင်းတာမို့
ဝမ်ကျင့် မရယ်ဘဲမနေနိုင်တော့ဘူး။

သူက ကျင်းယွဲ့အကြောင်းကို ဆက်ပြီးမပြောချင်တော့တာမို့ ,

"ရှစ်နာရီတောင်ထိုးတော့မယ်,၊ကိုယ်ဒီနေ့
ဆွီဒင်အသားလုံးတော့ စားရမှာပါနော်"

ယန်ရုန်ကလည်း ထိုသူ့အတွက်နဲ့ အလဟသ
မဖြစ်စေချင်ဘူး။

ဒီနေ့က ဝမ်ကျင့်အတွက် သူပထမဆုံးချက်
ပြုတ်တာမို့ သူတို့နှစ်ယောက်အတွက်အမှတ်တရနေ့လေးတစ်ခုအဖြစ်သာရှိနေ
စေချင်တယ်၊

ဒါကြောင့်မို့ ,သူစီစဥ်ထားတဲ့ မိနူးလေးအတိုင်း ဂရုတစိုက်နဲ့ ကျွမ်းကျင်စွာပင်
ပြုလုပ်ပြီးမကောင်းတဲ့စိတ်ခံစားချက်တွေ
ကို ချုပ်တည်းပြီးနောက် စပါကတီနှစ်ခုချက်
ပြုတ်ကာ အသားလုံးလေးတွေကိုလည်း
အရသာရှိအောင် ပြုလုပ်လိုက်တယ်။

အချိုရည် လုပ်ဖို့အသီးညှစ်ရန်တာဝန်ယူနေတဲ့ ဝမ်ကျင့်က ဟင်းတွေကို ကြည့်ပြီး အားပေးလာတယ်။

"ဝိုး ...အံ့သြစရာဘဲ "

ယန်ရုန် ပြန်၍ ပျော်ရွှင်လာခဲ့ပြီး နောက်ဆုံးတွင် ပန်းကန်ပြားပေါ်၌ ဘရိုကိုလီနဲ့ မုန်လာဥနီလေးများဖြင့်အလှဆင်လိုက်တယ်။

မင်းကြိုက်တာအကုန်ကိုယ့်မှာရှိတယ်(ဘာသာပြန်)CompleteWhere stories live. Discover now