EP67( Extra 1)(U&Z)

2.9K 261 0
                                    

.EP 67 Extra 1 မိဘများနှင့်တွေ့ဆုံခြင်း

ဇွန်လလယ်၌ဝမ်ကျင် တွင်လက်ထပ်တော့
မည့်ဝမ်းကွဲ အစ်ကို တစ်ယောက် ရှိတယ်၊
မဂ်လာပွဲတက်ရောက်ဖို့ရန်အတွက် သူ့မိဘတွေက အရှေ့မြောက်အရပ်မှပေကျင်းဆီသို့ ရောက်လာကြတယ်၊အစပထမကတော့ စောစောလာပြီး စောစောပြန်ကြဖို့ရာစိတ်ကူးထားသည်ပင်၊ နှစ်ပတ်ကြာထိ ဆွေမျိုး မိတ်သဂ်ဟတွေဆီလည်ပတ်ခြင်းကဝမ်စုံတွဲအတွက်အမှန်တကယ်ရှားရှားပါးပါး လည်း ဖြစ်တယ်။

ထိုသတင်းအားဝမ်ကျင် ကြားရတဲ့အခါ
အနည်းငယ် မသက်မသာဖြစ်မိတယ်၊
ယန်ရုန်ရဲ့ တည်ရှိမှုကိုသူတို့အား
ပြောပြသင့်ပြီလား?

ယန်ရုန်ကအရမ်းငယ်လွန်းနေတာမို့ 80%
ထိ အသေအချာပင် သူတို့လုံးဝ လက်ခံလိမ့်မည်မဟုတ်လောက်ဘူး ။

သို့သော် သူဘာကိုမှမပြောဘူးဆိုရင် ယန်ရုန်ကိုပိတ်ရက်မှာ လျန်ရှီထံသို့ ပြန်သွားခိုင်း
ရမယ်၊ အဲ့လိုဆို ယန်ရုန် ကျိန်းသေဝမ်းနည်းပြီ၊နောက်ပြီး ယန်ရုန်က သူ့မိဘတွေနဲ့ အရမ်းတွေ့ ချင်နေခဲ့တာ၊နောက်ဆုံး တခေါက်ဝမ်ချီနဲ့ တွေ့တဲ့ အချိန်တုန်းက တောင် သူ့မိဘတွေနဲ့ဘယ်တော့ တွေ့ရမှာလည်းလို့သူ့ကို ထပ်မေးလာသေးတယ်၊

ဝမ်ကျင် အနည်းငယ်အကြပ်ရိုက်ပြီး ဘာလုပ်ရမှန်း မသိတာမို့ သူ့အစ်ကို ဝမ်ချီနှင့် တိုင်ပင်လိုက်သေးတယ်။

ဝမ်ချီ မေးလာတယ်,

"ဒါဆို မင်းမိဘတွေကိုဘယ်ချိန်မှပြောဖို့
စီစဥ်ထားလဲ?"

"အမှန်တကယ်တော့ နောက်နှစ်အနည်းငယ်လောက်ထိ စောင့်ချင်သေးတယ်၊ အနည်းဆုံး
သူ အထက်တန်းဘွဲ့ရပြီး တက္ကသိုလ်တက်ချိန်လောက်ပေါ့"

ဝမ်ချီ အံ့အားသင့်နေတယ်၊

" သူ တက္ကသိုလ်တက်တဲ့ချိန်လည်း
မင်းနဲ့ဆို17နှစ်တောင်ငယ်နေသေးတာ, အဆင်ပြေနိုင်ပါဦးမလား?"

"......"

တာ့ကောပြောတာလည်း သဘာဝကျတယ်။

ဒါကြောင့်မို့ အိပ်ရာမဝင်ခင် သူယန်ရုန်ဆီဖုန်းဆက် မေးလိုက်တယ်၊

မင်းကြိုက်တာအကုန်ကိုယ့်မှာရှိတယ်(ဘာသာပြန်)CompleteWhere stories live. Discover now