EP44(U&Z)

2.3K 246 4
                                    

.[ U ]

EP44 ကပ်ကြေးပုံစံခြေထောက်လေးတွေ

ဝမ်ကျင်ကျိုးရဲ့ တီဗွီဖန်သားပြင်၌ရေဂိမ်း ကစားနည်းတစ်ခုကို မြင်တွေ့နေရတယ်၊
ယန်ရုန်နဲ့ဝမ်ချောင်က သူတို့ရဲ့ လက်နှစ်ဖက်ကို ခါယမ်းပြီးအတားအဆီးတွေကိုရှောင်ရှားရင်း ရွေဒဂ်ါးတွေကို အခါအားလျော်စွာအရယူနေကြတယ်။

လက်ရှိပုံစံကို ကြည့်ရတာက နှစ်ယောက်လုံး ဂိမ်းကိုသာ သည်းကြီး မဲကြီး ဆော့နေပြီး
နောက်ထမင်းစားဖို့တောင်သတိရမယ့်ပုံ
မပေါ်ဘူး။

ဝမ်ကျင့်ထိုနှစ်ယောက်အား ခဏကြည့်ပြီး
ပြောလိုက်တယ်။

'အဲ့ဒီဂိမ်းကို ဆက်မကစားနဲ့တော့,ထမင်း
အရင်သွားစားကြမယ်,ငါလည်းခုထိမစားရသေးဘူး,ဆယ်နာရီတောင်ထိုးတော့မယ်'

ဆယ်နာရီထိုးခါနီးထိ သူကိုယ်တိုင်ကိုယ်က ထမင်းမစားရသေးပေမယ့် ယန်ရုန်ကတော့
ပြောလို့တောင်မရတော့ဘူး၊ ဂိမ်းကစားရင်း
ရေထဲကိုတောင် နှစ်ခါပြုတ်ကျလိုက်သေးတယ်၊သူ့ကိုယ်တောင် ဂရုမစိုက်နိုင်ပဲ ခေါင်းလေးပဲ လှည့်ပြီး မေးလာတယ်၊

'ကျွန်တော်တို့ ဘယ်သွားစားမှာလဲ?
ဝမ်ကျင်ကော ခွဲခန်း ဝင်နေရလို့လား
ဒါမှမဟုတ် အစည်းအဝေးရှိလို့လား?
ဝမ်ကျင်ကောပင်ပန်းနေပြီလား ?"

"ကိုယ် မပင်ပန်းပါဘူး, ခွဲစိတ်မှု အသေးစားလေးတွေတော့လုပ်ခဲ့ရတယ်, ကလေးဘာစားချင်လဲ ?"

ဝမ်ချောင်က အပြေးအလွှား ဝင်ပြောလာတယ်။

'ကျွန်တော်က တုတ်ထိုးကင်စားချင်တာ "

ဝမ်ကျင်ကသူ့ကို လုံးဝပင်လျစ်လျူရှုထား
ပေမယ့် ယန်ရုန်က ပြောလာတယ်၊

  " သေစမ်း...အကင်စားချင်တာကိုဘယ်လိုချည်း ပြောနေတာလဲ ?"

သူက ဝမ်ချောင်ပြောလိုက်တဲ့ နာမ်စားတစ်ခုကို သူမသိဘူး၊ ဒါကြောင့်မို့သူ့အတွက်ထို စကားလုံးကဟာသဖြစ်သွားစေတယ်။

ဝမ်ချောင်က သူစိတ်ဝင်စားမှုရှိတာကို တွေ့တဲ့အခါ, ကစားတာကို ရပ်ပြီး သူ့ကို မြှောက်ပေးလာတယ်၊

မင်းကြိုက်တာအကုန်ကိုယ့်မှာရှိတယ်(ဘာသာပြန်)CompleteWhere stories live. Discover now