EP49(U&Z)

2K 223 1
                                    

.[ U ]

ဘောလုံးကန်ပြီး ပြန်လာတဲ့လမ်းမှာ ယန်ရုန်က သူ့ အတန်းဖော်တွေနဲ့ ဒီနေ့ တနေ့တာလုပ်ခဲ့တဲ့ အရာတွေကို ဝမ်ကျင်အားပျော်ရွှင်စွာမျှဝေခဲ့တယ်၊လူငယ်တန်းကစားသမား
ဘင်းန်ရဲ့ဗီဒီယိုကို သူတို့ကြည့်ရပြီးဘင်းန်က သူ့ရဲ့ ပွဲစဥ်တွေစုစည်းထားတာကိုပြသခဲ့တယ်၊ဥပမာအားဖြင့် မူယာနဲ့ အိုဇယ်တို့ နှင့်
ဓာတ်ပုံတွေအပြင် ပြီးခဲ့သောရာသီပွဲစဥ်တွေမှ ဘိုင်ယန် ရဲ့ အဓိက ကစားသမားများနှင့်
ဘင်းန်ရဲ့ ဓာတ်ပုံတွေလည်း ပါသေးတယ်၊

ဝမ်ကျင်က သူ့စကားတွေကို နားထောင်ပေးနေရင်း 'အင်း ' 'ဝိုး' , 'မဆိုးဘူး'စသည်ဖြင့်
ပြန်လည်ထောက်ခံတယ်။

ယန်ရုန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်,

" အဲ့ဒါက အရမ်းမိုက်တယ်မလား?
လူတိုင်းက အဲ့ဒီ ဗွီဒီယိုတွေကို ကြည့်ပြီး
သူနဲ့ ဘောလုံးကစားချင်ပေမယ့်ဘင်းန်ရဲ့ ဒူးခေါင်းတွေကအဆင်မပြေသေးဘူး၊
သူ့အိမ်မှာ နှစ်နာရီလောက်ဗွီဒီယိုကြည့်ပြီး
ပရော်ဖက်ရှင်နယ်ကျကျလေ့ကျင့်မှုတွေကို လေ့လာတယ်၊ဒါပေမယ့်လက်တွေ့နဲ့တော့
မတူဘူးလေ,ဘင်းန်ကစားတာကကျွန်တော်တို့ ကစားတာထက်ပိုတော်တယ်, သူက
အရမ်း မိုက်တာပဲ !"

ဥရောပသား အများစုက ဘောလုံးဝါသနာပါကြတာမို့ ယန်ရုန် ဘင်းန်ကို အလွန်အမင်းသဘောကျနေတယ်။

ဝမ်ကျင် တစ်ယောက် ထိုအချိန်မှစ၍ အတွေးများလေချေပြီ ..

ဒါက ဘောလုံးကန်တာလေးပဲမလား? ဘယ်သူကမလုပ်နိုင်ဘူးလို့ပြောလဲ?

သူ အိမ်မပြန်ခင်ယန်ရုန်ကို ညစာကျွေးဖို့
ခေါ်လာခဲ့လိုက်တယ်။

ယန်ရုန်ကတော့ ချန်ပီယံလိဂ် ပွဲမှသီချင်းကို
ဟစ်ကြွေးလျက် ကားပေါ်မှ ခုန်ဆင်းပြီး လှေကားထစ်တွေကို ခွကျော်ကာတက်လိုက်တယ်။

ယန်ရုန် ပုံစံလေးကို နောက်ကနေ ကြည့်နေရင်း သူ့ကိုယ်သူပင်အထက်တန်းကျောင်းသားလေး တစ်ယောက်ကဲ့သို့ ခံစားမိလာလျက်  နှလုံးသားထဲမှခါးသီးမှုတို့ပင်
တဖြေးဖြေး မှေးမှိန်သွားခဲ့တယ်။

မင်းကြိုက်တာအကုန်ကိုယ့်မှာရှိတယ်(ဘာသာပြန်)CompleteWhere stories live. Discover now