EP66 Main Story END (U&Z)

4.8K 304 6
                                    

.[ U ]

လျန်ရှီနဲ့ ဝမ်ချောင်တို့ စားလို့သောက်လို့ ပြီးတဲ့နောက်, သူအိမ်ကိုလည်း ပြန်အိပ်ဖို့ရာ
မပြေတာကြောင့်ရှည်လျားလွန်းတဲ့ညတာ
က ပျင်းရိဖွယ်ဖြစ်နေချေ၏။

"Spaသွားရအောင်, မရောက်တာကြာပြီ"

ဝမ်ချောင်ကခုလောလောဆယ်လူအများ
နဲ့ မတွေ့ချင်တာကြောင့် သူမသွားချင်ဘူး။

"ကျွန်တော် မသွားဘူး, လျန်ကော သတိထားနော်..ကျွန်တော် ပိုင်သုကောနဲ့ ပြန်တိုင်မှာ"

" မင်းမသွားရင်, ငါလည်း ဝိုင်တခွက်
လောက်သောက်နေဖို့ကလွဲပြီးတခြား
ဘာမှလုပ်စရာမရှိဘူး"

ပြောရမယ်ဆိုရင်,သူတစ်ယောက်တည်းလည်း မသွားချင်ဘူး,ပြန်လိုက်တာကပိုကောင်းပြီး ပိုင်တုနဲ့ စကားလေးပြောမယ်,
အကယ်၍ပိုင်သုအဆင်သင့်လျှင်ဗီဒီယို callလေး ဘာလေး ခေါ်လို့ရနိုင်ကောင်းရဲ့။

ပိုင်သုကို စဥ်းစားလိုက်တဲ့အခါ, ချက်ခြင်းပဲ
တက်ကြွလာပြီးသူ့မျက်လုံးတွေအရောင်တောက်လာတယ်။

ဝမ်ချောင်တစ်ယောက်တိတ်တဆိတ်ပင် ကျောက်ပုဇွန်အား အခွံနွှာကာ စားပြီးနောက်
ဦးထုပ်ဆောင်းကာအိမ်ပြန်ဖို့ရာအတွက် ခေါင်းငုံ့ပြီးလမ်းကိုသာကြည့်ရင်းစားသောက်ဆိုင်ထဲမှထွက်လာလိုက်တယ်။ တစ်စုံ တစ်ယောက်ကသူ့အားနောက်မှလှမ်းခေါ်သံကို  ကြားလိုက်ရတာမို့ သူနောက်သို့လှည့်ကြည့်လိုက်ရာ, အရပ်ရှည်ရှည် အသားမည်းမည်းနဲ့ ကိုယ်ခန္ဓာခပ်ထွားထွားလူတစ်ယောက်ကို တွေ့လိုက်ရတယ်။

ဝမ်ချောင်ရဲ့ ဦးရေပြားတွေတမုဟုတ်ခြင်း
ထုံကျင်လာတယ်။

ထိုလူရဲ့ မျိုးရိုးနာမည်က ချီ, သူ စီချွမ်းတိဘက်ကို သွားတုန်းက ဝမ်ချီက ထိုသူ့အား
လမ်းပြတစ်ယောက်အဖြစ် ငှားပေးလိုက်ခြင်းပင်, ဝမ်ချီရဲ့ လက်ဝှေ့လေ့ကျင့်ဖက်အသင်းဖော်ဖြစ်ကာ သူ့ဆံပင်တွေကို လည်း
အဲ့ဒီလူကိုယ်တိုင်ရိတ်ပေးခဲ့တာဖြစ်တယ်။

သူတို့နှစ်ယောက် လမ်းပေါ်မှာ လဝက်လောက်အတူရှိခဲ့ပြီး အရာရာတိုင်းလည်း
အဆင်ပြေခဲ့တယ်၊ စီချွမ်းနဲ့ တိဘက်က ပြန်လာပြီးနောက်,သူတို့ ပေကျင်းကို ရောက်လာတဲ့ နောက်ဆုံးည ရှီကျားကျွမ်း
ဘူတာရုံမှအချိန်ပိုင်း ဝန်ဆောင်မှု ပေးတဲ့
ဟိုတယ်ဟောင်းတစ်ခုရှိသာမန်အခန်းတစ်ခုတွင် သူတို့အိပ်ခဲ့ကြတယ်၊ ညလယ်လောက်မှာ, ချီမျိုးရိုးကောင်က သူ့ကို လိင်တူ စိတ်
ဝင်စားသူဟုတ်မဟုတ် မေးလာတဲ့အခါ, သူက ဘာပြသနာရှိလဲလို့ ပြန်မေးခဲ့တယ်,
ချီမျိုးရိုးကောင်က သူ့ကို အိပ်ရာထဲမှာဖိထားပြီး သူ့ကို နမ်းဖို့ လုပ်လာတယ်,သူသေမတတ်ထိတ်လန့်သွားပြီး ထိုသူအား တွန်းထုတ်ကာ
သူ့ အဝတ်တွေကိုယူ၍ခန္ဓာကိုယ်ပေါ်၌ ဘောင်းဘီရှည် တထည်သာရှိလျက်
ပြေးထွက်လာခဲ့မိတယ်။

မင်းကြိုက်တာအကုန်ကိုယ့်မှာရှိတယ်(ဘာသာပြန်)CompleteWhere stories live. Discover now