အပိုင်း။၂။

3.8K 624 169
                                    

"သခင်လေး ဖိုးဖိုးကြီးခေါ်ခိုင်းလိုက်ပါတယ်"

"အေး ပြီးရော
ငါခဏနေဆင်းလာခဲ့မယ်"

အခုကကလပ်ကိုထွက်ဖို့ပြင်ဆင်နေတုန်း
အိမ်တော်ကိုရောက်ချလာသော အဘိုးဖြစ်သူကြောင့်
ဘလင်းဘလင်းတွေအရောင်ထနေတဲ့
ဂျက်ကပ်ကိုပြန်ချွတ်ကာ
အိမ်အောက်ထပ်ဆင်းသွားခဲ့သူ။

သူ့မှာမိဘတွေမရှိကြတော့ဘူး
ဝမ်းကွဲမောင်နှတွေနဲ့လည်းရင်းရင်းနှီးနှီးမနေခဲ့ရတာမို့သူ့ဟာ အားလုံးနဲ့သီးသန့်ဆန်၏။
တမျိုးလုံးက ကာကွယ်ပေးရမယ်ဟူသော
အရေးကြီးလူစာရင်းထဲ သူကပါ၏။
သူဘယ်လောက်ဆိုးဆိုးဘယ်သူကမှအပြစ်မတင်ရဲ၊
သူ့အဖိုး၏ အရှိန်ဝါက မျိုးရိုးတစ်ခုလုံးကိုထိန်းချုပ်ထား၏။ မိသားစုဝင်နစ်ယောက်ထဲရှိတာတောင်
တယောက်ကအိမ်ပြာတော်မှာနေပြီး
ကျန်တယောက်က ပတ်အိမ်တော်မှာသာနေ၏။

ဘယ်သောအခါမှလည်း နိုင်ငံရေးနဲ့
ပတ်သက်ရင်ခေါ်လို့မရတဲ့သူ...ကသူသာ
ကြည့်ရတာ ဘေးပတ်ပတ်လည်ကနိုင်ငံရေးသမားများကြောင့် စိတ်ကုန်သွားပုံပါပဲ။
သူ့အဖိုးကလည်းအတင်းအကြပ်နိုင်ငံရေးထဲ
ထည့်လို့မရတဲ့မြေးမို့ ဒီအတိုင်းသာလွတ်ထားရ၏။

"အန်ညော် ဖိုးဖိုးကြီး"

"တစ်ခါတလေ ဒီအဖိုးကြီးကိုမင်းလာတွေ့လို့
မရဘူးလားပတ်ဂျီမင်း"

"လာတွေ့စေချင်ရင် တခြားမှာပြောင်းနေလေ
အိမ်ပြာတော်တော့ဘယ်တော့မှမလာနိုင်ဘူး"

"ပြောလိုက်ရင်
အမြဲ ငါ့ကိုစိတ်မချမ်းသာတာတွေကြီးပဲ
မင်းကြောင့်နဲ့တရက်တရက် နိုင်ငံရေး အလုပ်တောင်ဖြောင့်အောင်မလုပ်ရဘူး တရက်တရက်
မင်းအမူ့တွေကြီးလိုက်ဖြေရှင်းရင်
ငါသေသွားမယ် ပတ်ဂျီမင်း
အသက်၂၃ပဲဲ ရှိနေပြီ
နည်းနည်းတော့ လိမ်မာလို့ရပြီ..."

"ဒီကိုဘာလာလုပ်တာလဲ ဖိုးဖိုးကြီး
ကျတော့်ကိုဆူဖို့လား"

"အေး ဟုတ်တယ်
ဆိုစမ်းပါအုံး ရှေ့ရက်ကမြို့တော်ဝန်ယာဥ်တန်းကို
ဘာလို့သွားနှောက်ယှက်လဲ"

"ကျစ်! ဘာမဟုတ်တာနဲ့ ဒီအထိလာရှာတာလား"

"ဘာကိုဘာမှမဟုတ်ရမှာလဲ၊
ဂျောင်မျိုးနွယ်ရဲ့ပထမဆုံး
နိုင်ငံရေးဘက်နွယ်လာတဲ့လူရှေ့
ငါ့ကိုအရှက်ခွဲလိုက်တာလား..."

မျဥ်းပြိုင် (Completed)Where stories live. Discover now