အပိုင်း။၃၉။ (New Updated)

1.7K 221 94
                                    


Note:: ပြီးခဲ့တဲ့အပိုင်း
အတိတ်ကာလပြကနေ၊
အသေးလေးကိုအိပ်မွှေ့ချရင်း
မေးနေတာကနေ ရေးထားတာမို့
အသေးလေးဘက်အပြင်
အဲ့တာကိုနားထောင်နေတဲ့ မြို့တော်ဝန်ဘက်ပါတစ်ခါထဲထည့်ပေးလိုက်ပါမယ်
မြို့တော်ဝန်ကjoonဘက်ကcaseကိုအကုန်သိထားသူမဟုတ်လား
.....
မလည်ရအောင်အစမှာရှင်းပြထားခြင်းသာ

======
မျဥ်းပြိုင်
======

"ခလေးကငါးလကျော်နေပြီမို့
သေချာဂရုစိုက်ပါကျောင်းသားလေး"

သူ့ရဲ့ဗိုက်ငယ်လေးကိုစမ်းသပ်ပေးရင်းသက်ပြင်းချသံနဲ့ပြောလာတဲ့ဆရာဝန်မကြီး

သူ့အရွယ်လေးကငယ်သေးတာမို့
ဘာတွေဖြစ်လာနိုင်တာကိုဆရာဝန်တစ်ဦးအနေနဲ့သိနေသည်မဟုတ်လား

"ကျတော်ဒီခလေးကိုမလိုချင်ဘူးဒေါက်တာဖျက်ချပေးပါ"

"မရဘူး အဲ့လိုတွေလုပ်လိုက်ရင်မင်းပါသေသွားလိမ့်မယ်
ခလေးကလနုနုလေးမဟုတ်ဘူး
ငါးလရှိနေပြီ ထပ်မှာမယ်-မင်းဖျက်ချလို့မရဘူးမင်းကသာမန်ကိုယ်ဝန်ဆောင်မဟုတ်လို့ အသက်အန္တာရယ်သိပ်များတယ်"

သူအော်ဟစ်ပြီးသာငိုလိုက်ချင်တော့၏ အိမ်မက်ဆိုးလိုညအဖြစ်
အပျက်ကနေမနည်းရူန်းကန်နိုးထရတာကိုဘာလို့ အခုလို.....

.....

ဆေးရုံကနေ
အိမ်အပြန်လမ်းမှာ အော်ဟစ်ကာ
ငိုလာသော ခလေးငယ်ကြောင့်နေခြည်ပါငိုချလာခဲ့၏

သူငယ်ချင်း နစ်ယောက်တယောက်လက်တယောက်ကိုင်ကာအရူးလိုငိုနေခဲ့၏

အသေးလေးဟာသူသေချင်တာတွေကိုထုတ်ပြောနေပြီးနေခြည်ဟာလည်းမင်းမမှားကြောင်းမင်းမှာအပြစ်မရှိကြောင်းပြောကာ
အနာဂတ်မှာကလဲ့စားချေဖို့သာငိုနေရင်းနစ်သိမ့်ပေးနေခဲ့၏

"မင်းမငိုရဘူးအသေးလေး
မင်းအမှားသေးသေးလေးတောင်မပါတာမို့မင်းငိုစရာမလိုဘူး
သံသယာဟာလည်နေမှာပါတချိန်သူ့အလှည့်ရောက်လာရင်အခုထက်နစ်ဆအစားပြန်ယူလိုက်"

ထိုစကားတွေနဲ့သာအသေးလေးအားဖြတ်ကျော်နိုင်အောင်တွန်းအားပေးနေခဲ့ရ၏

မျဥ်းပြိုင် (Completed)Where stories live. Discover now