အပိုင်း။၄၇၊၄၈၊၄၉၊၅၀"ဇာတ်သိမ်းပိုင်း"

3.3K 237 157
                                    

"ဟိုလူကြီး ပြန်လာပြီ"

"ဖြေးဖြေးလာပါသဲငယ်လေးရယ်ပြုတ်ကျမှဖြစ်ကိုယ်ရင်ကျိုးနေပါအုံးမယ်"

သူပစ္စည်းပို့ဖို့ခရီးတပတ်လောက်သွားအပြီးပြန်ရောက်လာတော့
သူ့အတွက်အစုံပါလာမှာကိုသိနေသောသဲငယ်လေးဟာ ခူရှီးနဲ့ကစားရာကနေပြေးလာကြို၏

"အဖိုးကြီး ငါ့အတွက်ဆရာကြီးသောက်ဖို့ရေးပေးလိုက်တဲ့ဆေးတွေရောပါလားဟင်"

"ပါပါ့ဗျာ လာခူရှီးလည်းလာ
ခူရှီးအတွက်လည်းအရုပ်တွေပါတယ် "

အိမ်ရှေ့ကကွတ်ပျစ်မှာ
သုံးယောက်လုံးဝင်ထိုင်ရင်းကိုယ့်ဝေစုကိုယ်ခွဲပေးကာ ခူရှီးကလည်းသူ့အတွက်မုန့်နဲ့အရုပ်လေးတွေကိုလက်အပြည့်ကိုင်ရင်းပျော်နေခဲ့၏ အဲ့ဒီအထဲသူအကြိုက်ဆုံးကခလေးတပွေ့စာကြက်ဝါဝါရုပ်ခလေး ခူရှီးကကြက်ဝါလေးတွေကိုချစ်လို့ အိမ်နောက်ဘေးမှာသူ့အတွက်ကြက်သုံးလေးငါးကောင်တောင်ဝယ်မွေးပေးထားရသည်မဟုတ်လား

ခူရှီးနဲ့သဲငယ်လေးဟာအခုတလောအရမ်းတည့်လာ၏ သဲငယ်လေးဟာလည်းခလေးလေးရလာအပြီးခူရှီးအပေါ်ဂျစ်တာလျှော့ကာ မိဘစိတ်လေးကပ်လာတော့တအားအစေးကပ်နေကြ၏

ခူရှီးဟာလည်းသဲငယ်လေးဗိုက်ထဲကခလေးကိုတအားစိတ်ဝင်စားကာအားရင်ငါ့ကိုဗိုက်ပေးကိုင်ဆိုပြီး အထဲကသူ့ညီလေးလားညီမလေးလားမသိရသေးတဲ့သွေးခဲတုံးလေးကိုမေတ္တာတွေပေးလို့နေခဲ့၏

အခုဆို အဖမ်းခံထားရတဲ့ကိုယ်ရံတော်တွေကိုလည်းကိုယ့်လူတွေကကယ်ထုတ်နိုင်ခဲ့ပြီမို့
မကြာခင်Koreaပြန်ရတော့မည်သာ

ဒီဘက်ကကိစ္စတွေအပြတ်ဖြတ်ပြီးခလေးကိုပါပါအောင်ခေါ်နိုင်ဖို့စီစဥ်ပြီးတာနဲ့ ဒီကနေထွက်ခွာရမည်သာ

....

....

"အဖိုးကြီးရေ အိမ်ရှေ့မှာအော်ဟစ်သံတွေကြားတယ်ဘယ်သူတွေလဲမသိဘူး"

"အင်းအင်းကိုယ်ထကြည့်လိုက်မယ်"

အခုမှမနက်မိုးလင်းတာမို့အပြင်ထွက်ကြည့်တော့မြင်ရသည်က
သူအလုပ်လုပ်တဲ့ရွာလယ်ကအလုပ်ရှင်နဲ့သူ့လူတစ်စု

You've reached the end of published parts.

⏰ Last updated: Sep 26, 2023 ⏰

Add this story to your Library to get notified about new parts!

မျဥ်းပြိုင် (Completed)Where stories live. Discover now