အပိုင်း။၂၆။

2.6K 416 411
                                    

"သဲငယ်လေး"

"ဟင်!!.."

"ကိုယ်ခေါ်နေတာကြာပြီလေ
ဘာတွေ တွေးနေတာလဲဟင်"

အောက်ထပ်က
Toilet ထဲကနေထွက်လာပြီးထဲက
မှိုင်တွေတွေဖြစ်နေတဲ့ ခလေးပေါက်ဟာ
ပုံမှန်မဟုတ်တာကတော့အလွန်အကျွံသာ..

အမြဲမော်ကြွားမောက်မာနေတဲ့
မျက်နာလေးက အခုတော့
တစ်ခုခုကိုစိတ်မလုံမခြုံဖြစ်နေပြီး
စိတ်နဲ့လူမကပ်နေပုံက ထိုင်ကြည့်နေရတဲ့
ကိုယ့်အတွက်လည်းအဆင်မပြေလှ...

သို့သော်
မေးလည်းဘာမှမပြောမှာကို
သိတာမို့ဘာမှဆက်ပြီးတော့မမေးချင်တော့

တစ်ခုခုကိုတော့အရမ်း
စိုးရိမ်ကြီးနေတာပုံက
ကိုယ့်အိပ်ယာပေါ်တောင်
တတ်ထိုင်နေ ပြီးသူ့ကုတင်ဘက်တောင်
မသွားတော့ဘူး မဟုတ်ပါလား

ဘေးချင်းကပ်မျက်နာလေးကို
ငေးကြည့်ရင်း
ခပ်ပျော့ပျော့ ခပ်ပွပွဆံပင်ဂုတ်ထောက်
ေလးကို သပ်တင်ရင်း

"ဘာစားမလဲ....ညနေစာစားဖို့
ကိုယ်မှာပေးမယ်လေ"

"မမှာနဲ့ ငါမဆာဘူး"

ပုံမှန်ဆို မှာပေးလို့မနိုင်အောင်
တတီကြီးမှာစားမယ့်သူလေးက
အခုကြမမှာနဲ့သူမစားဘူးတဲ့

"သဲငယ်လေး ကိုယ့်တို့ကယူထားကြတာလေ
နည်းနည်းတော့ ပွင့်လင်းကြရအောင်လား
...
လောကကြီးမှာအရာရာကဖုံးကွယ်ထားချင်လို့မှမရပဲ...အနည်းဆုံး တော့စိတ်သက်သာရအောင်ရင်ဖွင့်ရမှာပဲလေ....
ကိုယ်ကမင်းကိုယူထားတာမို့
မင်းဘာဖြစ်နေလဲကိုတော့အတန်ငယ်ရိပ်စားတတ်ပါတယ်....သဲငယ်လေး
လောကမှာဘယ်သူ့မှမယုံကြည်ရင်တောင်
ကိုယ့်က်ုယုံကြည်လို့ရတယ်"

"ငါ့ကိုအကြပ်ကိုင်ထားပြီး
မရရအောင်လက်ထပ်ထားသူက...
....
ယုံကြည်ထိုက်စရာရှိနေတယ်လို့
ခင်ဗျားကတွေးနေတာလား"

"ကိုယ်မင်းကို အကြပ်က်ုင်ယူထားခဲ့ပေမယ့်
မင်းရဲ့အရာရာကိုကိုယ်နားလည်ပေးနေတယ်လေ....
ဘယ်နစ်ခါကိုယ်မင်းအပေါ်
ယူထားပြီးပြီ ဆိုပြီး
မင်းကိုမလေးမစား
ဆက်ဆံခဲ့တာရှိလို့လား..
ယုတ်စွ
မင်းကိုအခုထိအလှထိုင်ကြည့်နေတာပဲ
တွေးကြည့်လေ....
မင်းမထိနဲ့ မင်းမကိုင်နဲ့ဆိုလို့
ကိုယ်မင်းကိုလင်မယားတွေပေမယ့်
ဘာအဆင့်မှမကျော်ထားဘူး..."
..

မျဥ်းပြိုင် (Completed)Where stories live. Discover now