Part. 1😘

326 25 0
                                    

ဘဝဆိုတာအနိမ့်တလှည့်အမြင့်တလှည့်တဲ့ လူတချို့ပြောကြတဲ့စကား..အဲ့ဒီစကားကို min yoongi ဆိုတဲ့ကျတော်ကလက်မခံပါဘူး

ဘာလို့လဲဆိုတော့ yoongi တို့ကနိမ့်ပဲနိမ့်နေတာ

ဟူး...သက်ပြင်းရှည်ကြီးတချက်ချလိုက်မိတယ် အခု yoongi ကျောင်းသွားဖို့ပြင်ဆင်နေတာပေါ့ အဲ့ဒီသက်ပြင်းကြီးကလဲ yoongi ရဲ့နှစ်ယောက်မရှိတဲ့ အကိုကြီးjinရဲ့ပွစိပွစိအသံတွေကြောင့်ပေါ့

Jin. .မိုးလင်းပြီဆိုရင်လုပ်စရာရှိတာမလုပ်ဘူး ဖင်လှည့်ခေါင်းလှည့်နဲ့အချိန်ကုန် ပြီးရင်ငါဘဲအလုပ်ရှုပ်ရတယ် ရော့ထမင်းချိုင့်

စောင့်ကြည်အောက်ကြည်နဲ့ပေးတဲ့ထမင်းချိုင့်ကိုyoongiမျက်နှာလေးဖြီးပြီးလှမ်းယူလိုက်တယ် သူကလဲသူပါပဲ မိုးလင်းတာနဲ့ဖင်လှည့်ခေါင်းလှည့်

Jin. .သွားတော့ ငါလဲအလုပ်နောက်ကျနေပြီ

yoongi.. အလုပ်ကအဝေးကြီးဆိုတော့အိမ်နားလေးမှာများ

ဟုတ်ပါတယ်jinရဲ့အလုပ်ကအိမ်နားလေးမှာပါပဲ အလုပ်ရှင်ကလဲသူစိမ်းလူမဟုတ်ပါဘူး yoongiတို့မိဘတွေရဲ့အလုပ်ရှင်ဖြစ်တဲ့သူဋ္ဌေးကြီး kim Dae sungရဲ့သား
Kim nam joonရဲ့အိမ်မှာပါပဲ သူဌေးkim dae sungတို့ဇနီးမောင်နံက seoul မှာမနေဘဲ LAမှာအခြေချဖြစ်တော့yoongiတို့မိဘတွေပါ လိုက်သွားကြတယ် jinကိုကျောင်းပြီးတော့ nam joonကုမဏီဆီမှာပဲအလုပ်ဝင်စေခဲ့တာပေါ့

Jin. .နီးတော့ဘာဖြစ်လဲ အချိန်ကိုလေးစားတာဟဲ့

Yoongiမျက်နှာကိုမဲ့ပြတော့ jinကမျက်စောင်းခဲလေသည်
Jinသွားမယ်လုပ်တော့

yoongi.. နေအုန်းလေ ကျတော်လဲလိုက်မယ် tae လေးကိုဝင်ခေါ်မယ်လေ

Jin. .ဟင်း လုပ်ပြန်ပြီ ဟိုကမောင်းထုတ်အုန်းမယ် သူကသူ့ကားနဲ့သူသွားတာ တနေ့တနေ့သူ့အနားကပ်နေတာမောဘူးလား

Jinစကားကြောင့်yoongiပခုံးတွန့်ပြရင်

yoongi.. မောစရာလား သူ့ကိုမြင်လိုက်တာနဲ့အမောကိုပြေရော

သူ့စကားကိုကြားတော့ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့jinတော့သွားလေပြီ yoongiလဲပြုံးမိတယ် ဟုတ်တယ် မောစရာလား taeအနားမှာကပ်တွယ်နေရတာ

မင်းရဲ့နောက်ကွယ်Where stories live. Discover now