Part14

177 29 3
                                    

တစ်လခန့်ကြာသော်......

"ဂျောင်ကု.. ဂျောင်ကုရေ မပြီးသေးဘူးလားကွာ..ရေချိုးတာလည်းကြာလိုက်တာ"

မနက်၈နာရီခွဲနေပြီ.. အခုထိ ရေချိုးမပြီးနိုင်သေးတဲ့ ဂျောင်ကုကြောင့် ယွန်းဂီ မှာရေချိုးခန်းရှေ့မှာတဘတ်လေးကိုင်ပြီးတံခါးကိုထုနေခြင်းဖြစ်သည်..

လွန်ခဲ့တဲ့ တစ်လလောက်ထဲက ယွန်းဂီ ဂျောင်ကု နဲ့အတူလာနေဖြစ်သည်...ဂျင်ဟျောင်းကိုမနည်းပြောပြီးလာနေရတာဖြစ်ပြီး ဖုန်းနဲ့အမြဲဆက်သွယ်ဖြစ်နေသည်...ဂျောင်ကု နဲ့ဆက်ဆံရေးကိုတော့အခုထိမပြောပြဖြစ်သေးပေ..

"yarr. .ဂျောင်ကု နောက်ကျနေပြီလို့"

"ပြီးပါပြီ ယွန်းဂီရယ် ခေါင်းလျှော်နေလို့ ခဏလေး ခဏလေး"

ဂျောင်ကု ခေါင်းပေါ်က ဆပ်ပြာတွေကိုရေနဲ့အမြန်ဆေးချပြီးရေချိုးခန်းထဲကထွက်ဖို့လုပ်ရတယ်...အဆိုးလေးကစိတ်မရှည်တတ်တာနဲ့စိတ်ကောက်သွားမှပြသနာ..တံခါးဖွင့်လိုက်ပြီးစူပုတ်ပြီးကြည့်နေတဲ့အဆိုးလေးကိုသွားဖြီးပြလိုက်တယ်

"ပြီးပြီနော်..သွားချိုးတော့ ချစ်"

ယွန်းဂီ မှာသူ့ကိုမျက်စောင်းထိုးပြီးရေချိုးခန်းထဲဝင်သွားလေသည်..ခဏကြာတော့ ပြန်ထွက်လာပြီး အတန်းသွားဖို့ ကမန်းကတန်းပြင်ဆင်ရင် ပါးစပ်ကလည်းတသွတ်သွတ်ပြောတော့သည်

"မနက်တိုင်းပြောနေရတယ် ရေကြာကြာမချိုးပါနဲ့ဆို..ခုကြည့်နောက်ကျနေပြီ.. တူတူချိုးမယ်ဆိုတော့လည်းမဟုတ်"

ဂျောင်ကု မှာအဝတ်လဲနေရင်းယွန်းဂီစကားကြောင့် မျက်နှာလေးစူပုတ်သွားသည် ယွန်းဂီ ကိုဘုကြည့်လှမ်းကြည့်မိတယ်...

"အတူတူ ချိုးမယ်...အင်း သူ့အတွက်ကတော့လွယ်တာပေါ့"

ကြယ်သီးလေးတပ်ပြီးတိုးတိုးလေးပြောလိုက်ပေမဲ့ ယွန်းဂီ ကကြားသွားသည်

"ဘာပြောတယ် ဂျောင်ကု ခုနက ဘာပြောလိုက်တာ"

လက်ပိုက်ပြီးမေးလာတဲ့ ယွန်းဂီ ကြောင့် ဂျောင်ကု လည်းအူတူတူပုံနဲ့

"ဘာမှပြောပါဘူး"

"ကျစ်"

ယွန်းဂီ မှာ ဗြောင်လိမ်နေတဲ့ ဂျောင်ကု ကြောင့်စုတ်တချက်သတ်ရင်းအိပ်ယာပေါ်ထိုင်ချလိုက်သည်

မင်းရဲ့နောက်ကွယ်Donde viven las historias. Descúbrelo ahora