Part. 16🔞

328 28 13
                                    

"သတိရလိုက်တာကွာ..မင်းဆီကိုအခုချက်ချင်းတောင်ပြေးလာချင်တယ်"

"အဟက်..မင်းက တော်တော်အပြောကောင်းပဲ"

"ပြောထားတယ်နော်..ငါမပါဘဲဘယ်မှလျှောက်မသွားရဘူး..အတန်းတတ်စရာရှိတတ်..ကောင်းကောင်းနေနော်"

"အင်းပါ..အဘိုးကြီးကျနေတာပဲ ဗျစ်တောက်ဗျစ်တောက်နဲ့"

"ဟားဟား စိတ်ပူလို့ပါကွာ..စိတ်မဆိုးပါနဲ့ ချစ်ရဲ့"

လူချင်းမတွေ့ရတောင်နေ့တိုင်းအဆက်အသွယ်မပျက်ဖုန်းဆက်နေတဲ့ ဂျောင်ကု ကြောင့် သတိရစိတ်ကလေးကတော့ နည်းနည်း သက်သာသည်..ဒါပေမဲ့လည်း အနီးကပ်ဂရုစိုက်မှုလေးတွေကိုတော့လွမ်းမိပါတယ် ရက်ပိုင်းလေးပဲခွဲရသေးပေမဲ့ ယွန်းဂီ ရင်ထဲဟာတာတာဖြစ်နေသည်..သူများကြားရင်တော့ပိုတယ်ထင်အုန်းမယ်

ဂျောင်ကု နဲ့ဖုန်းပြောပြီးတော့ အချိန်က ည၆နာရီ.. ဒီနေ့ ထယ်ယောင်းမွေးနေ့ဆိုတော့အပြင်သွားရန်ရှိသေးသည်..ရေမိုးအမြန်ချိုးလိုက်ပြီး အဝတ်အစားလဲပြီးအောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ ထယ်ယောင်းကိုတွေ့လေသည်

"ဘယ်တုန်းထဲကရောက်နေတာလဲ"

"မကြာသေးပါဘူး"

တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့သူတို့နှစ်ယောက်စလုံး ရှပ်အကျီအမဲလက်ရှည်ဆင်တူဖြစ်နေသည်..ထယ်ယောင်းမှာဆံပင်ကိုနည်းနည်းဖွထားပြီးနားမှာလည်း နားကပ်ရှည်တစ်ဖက်ဝတ်ဆင်ထားသေးသည်..အကျီကြယ်သီးကိုလည်းနည်းနည်းဖြုတ်ထားတော့တချက်တချက်ပေါ်နေတဲ့ရင်ဘတ်ဖွေးဖွေးကြောင့် ပိုပြီး ဆက်ဆီကျနေသယောင်..

အကျီကြယ်သီးကိုလည်းနည်းနည်းဖြုတ်ထားတော့တချက်တချက်ပေါ်နေတဲ့ရင်ဘတ်ဖွေးဖွေးကြောင့် ပိုပြီး ဆက်ဆီကျနေသယောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ဘာလဲဟ မင်းတို့က ဆင်တူတွေဘာတွေနဲ့ အတွဲတွေလား"

"ဂျင်ဟျောင်း ဘာတွေလျှောက်ပြောနေတာလဲ"

မင်းရဲ့နောက်ကွယ်Where stories live. Discover now