Part 8

181 25 4
                                    

အေးချမ်းတဲ့မနက်ခင်းတစ်ခုပြန်ရောက်လာပြီဆိုပေမဲ့ yoongi ကတော့ အိပ်ယာကမထချင်သေးပေ..မိုးလင်းလို့မျက်လုံးဖွင့်တာနဲ့မနေ့ကအကြောင်းတွေပြန်တွေးမိတော့ဝမ်းနည်းစိတ်လေးဝင်လာပြန်သည်

Jin. ..yoongi ရေ hoseok ရောက်နေတယ်

Jin hyung ရဲ့အသံကြောင့်စောင်လေးပတ်ပြီးငုတ်တုတ်ထိုင်မိတယ်

hoseok တံခါးလေးဖွင့်ပြီးဝင်လိုက်တာနဲ့အိပ်ယာပေါ်မှာကွေးကွေးလေးထိုင်နေတဲ့yoongiကိုတွေ့လေသည်

မနေ့ညကဘယ်လောက်တောင်ငိုထားလဲမသိ မျက်လုံးလေးတွေဖောင်းအစ်နေသည်
အနားမှာထိုင်လိုက်ရင်း

hoseok.... ခြေထောက်ထိထားတယ်ဆို သက်သာရဲ့လား

yoongi ကအသာခေါင်းညိမ့်ပြသည်

သူ့သူငယ်ချင်းမျက်နှာကိုကြည့်တာနဲ့ taehyung နဲ့ပတ်သက်ပြီးတခုခုခံစားနေရပြီဆိုတာသူသိနေတယ် သူ yoongi ကိုပြောပါတယ် ပျော်ပွဲစားကို သူမပါဘဲမသွားပါနဲ့လို့
yoongi ကငယ်ငယ်ထဲက သူနဲ့taehyungလောက်ပဲအရောတဝင်နေခဲ့တာ
သူမပါရင်yoongiအဖော်မဲ့နေမှာသူသိနေလို့ပင် taehyung ကလည်း jaemin နဲ့အတွဲခုတ်နေတာမဟုတ်လား..

hoseok... မင်းမနေ့က ဘာတွေဖြစ်ခဲ့လဲငါမမေးတော့ဘူး  ဒါပေမဲ့ မင်းကိုတခုတော့ပြောချင်တယ် မင်း taehyung ကိုဒီ့ထက်ပိုပြီးမနာကျင်ရခင် မေ့ပြစ်သင့်တယ် yoongi

သူစကားကိုကြားတော့yoongiက မျက်ရည်ကျလာပြန်သည်  သူ yoongi အနားတိုးသွားပြီးဖက်ထားမိတယ်

hoseok... ငါက မင်းအတွက်ပြောတာပါ yoongi ရယ်

yoongi pov. ..ငါသိပါတယ် hoseok ရယ် ငါလဲ taeကိုမေ့နိုင်အောင်ကြိုးစားတော့မှာပါ
ဟင့်အင်း ငါမေ့ပစ်လိုက်တော့မှာ..

*****

ခြေထောက်မသက်သာတာနဲ့ yoongi ကျောင်းနားနေတာတစ်ပတ်လောက်ရှိပြီဖြစ်သည် ဒီတစ်ပတ်အတွင်းhoseokကလဲနေ့တိုင်းအိမ်ကိုလာသည် သူလဲ taeကိုမေ့ဖို့ကြိုးစာနေရင်းကျောင်းက taeသတင်းတွေကိုလည်းကြားမိပါရဲ့ taeနဲ့jaemin ကအတွဲတွေလိုလိုဘာလိုလိုနဲ့ ဘယ်သွားသွားအတူတူပဲတဲ့​ေလေ
မင်းပျော်နေပါ tae
ငါကတော့ မင်းကိုမတွယ်ကပ်နေတော့ဘူး
ငါ့ကြောင့်မင်းစိတ်မရှုပ်ရအောင်ငါနေပေးတော့မှာပါ

မင်းရဲ့နောက်ကွယ်Where stories live. Discover now