Part. 3😘

150 22 0
                                    

yoongi..tae နောက်အပတ် လေ့လာရေးခရီးကျရင် မင်းလည်းလိုက်မှာမလား

Taehyung.. အင်

yoongi အမေးကို taehyung ကဖုန်းကြည့်နေရင်းပြန်ဖြေလေသည်

အခုက ည၈နာရီ taehyungရဲ့အခန်းထဲမှာ အတန်းဆင်း
ပြီး ရေမိုးချိုးပြီးတာနဲ့ taeဆီတန်းလာခဲ့တာ..စာလုပ်မယ်ဘာညာပေါ့..
အခုတော့စာမလုပ်ပဲ taeအနားမှာစကားထိုင်များ​နေတာ

yoongi.. tae ငါမနက်က Jungkook နဲ့တွေ့သေးတယ် အဲ့ကောင်ငါ့ကိုအနိုင်ကျင့်ပြန်ပြီသိလား ငါလေစိတ်ကို
ထိန်းထားလို့ နို့မို့ဆို..

Tae. .ကျစ်

Taeရဲ့စုတ်သတ်သံကြောင့်yoongiပါးစပ်ပိတ်သွားသည်

Tae. .မင်းအိမ်မပြန်သေးဘူးလား

yoongi.. ဟင်အစောကြီးပဲရှိသေး..

Taeကလက်ကနာရီကိုကြည့်ရင်း

Tae.. မင်းကဘယ်အချိန်ထိနေမှာလဲ
အခုနောက်ကျနေပြီ

Yoongi pov. .ဟင့် မပြန်ချင်သေးတဲ့ဟာကို

yoongi.. အင်းပါ

Yoongi မထချင်ထချင်နဲ့ထပြီး
taehyung ဘက်လက်ပြပြိး

yoongi.. ပြန်ပြီနော် tae

Taeကဖုန်းအကြည့်မပျက် ခေါင်းညိမ့်ပြလေသည်

အခန်းတံခါးလေး အသာလေးပိတ်ပြီးထွက်သွားတဲ့yoongi
ကို taehyung မသိမသာလေးကြည့်ပြီး သက်ပြင်းချမိတော့တယ် တကယ်ကိုအရှုပ်ထုတ် အမြဲတမ်းနှောင့်ယှက်နေတာ အိပ်ချိန်လေးတောင်အလွတ်မပေးချင် jin hyung
မျက်နှာကြောင့်သာသည်းခံလာတာအခုချိန်ထိ..
Rm hyung ကလည်းအမြဲမှာနေလို့သာ နို့မို့ဆို
အနားကပ်တာနဲ့အော်လွတ်ပစ်တယ်..

ကျွီ..

တံခါးဖွင့်သံကြောင့် ကြည့်မိတော့ အခန်းဝမှာသူ့ကိုခေါင်းလေးပြူပြီးကြည့်နေတဲ့yoongi

Tae. .မပြန်သေးဘူးလား

Yoongi.. ငါမပြန်ရဲလို့ မိုးလဲတအားချုပ်နေပြီဆိုတော့

Tae. .လာတုန်းကလာရဲတယ်မဟုတ်လား

Yoongi.. အဲ့တုန်းကသိပ်မမှောင်သေးဘူးလေ အခုက

Tae. .ကျစ် ..အဲ့ဒီတော့အခုကဘာလဲ လိုက်ပို့ရမှာလား

စိတ်မရှည်ဘဲမေးလိုက်တော့
ခေါင်းကိုပုတ်သင်ညိုလိုတဆက်ဆက်ညိမ့်ပြတယ်
ကြည့် တကယ်ကိုအရှုပ်ထုတ် ပါဆို

မင်းရဲ့နောက်ကွယ်Where stories live. Discover now