Chapter 10

8.3K 854 31
                                    


ဧကရာဇ်ကျင်းလိ အံ့ဩတုန်လှုပ်စွာလျောင်ချင်းချင်းကိုကြည့်လာတယ် လျောင်ချင်းချင်းမျက်နှာမှာစိတ်ရှုပ်ထွေးမှုနဲ့ပြည့်နေကာ ဧကရာဇ်ဆတ်ခနဲထရပ်လိုက်တော့ လျောင်ချင်းချင်းစူးစိုက်ကြည့်နေရင်း‌နဲ့မေးလိုက်သည်။
" အရှင်မင်းကြီး အရှင်___"

ဧကရာဇ်ရဲ့ချောမောတဲ့မျက်နှာမှာတောင့်တင်းနေပြီး
" မပြီးပြတ်သေးတဲ့ကိစ္စတွေရှိနေသေးတာ ကျန်းအခုမှသတိရတယ်"

"???"

" ကောင်းကောင်းအနားယူ လျောင်ရုံဟွား ကျန်းသွားတော့မယ်"

"???"
လျောင်ချင်းချင်းတုံ့ပြန်တာကိုစောင့်မနေတော့ပဲ ဧကရာဇ်မှာဗြုန်းဆိုင်းကြီးခြေလှမ်းကျဲကြီးတွေနဲ့ လီရှန်းအဆောင်ထဲကထွက်ခွာသွားပြီး တော်ဝင်ဝေါယာဉ်ထဲဝင်သွားတော့တယ်

သူကျန်းချန်နန်းတော်ကိုအမြန်ပြန်ပြီး ချက်ချင်းတစ်ယောက်ယောက်ကိုလွှတ်ပြီး တော်ဝင်သမားတော်ဖန်ကိုသွားခေါ်ခိုင်းလိုက်သည်။

" ဒီငယ်သား အရှင်မင်းကြီးကိုဂါရဝပြုပါတယ် အရှင်မင်းကြီးနှစ်ပေါင်းတစ်သောင်းတိုင်အောင် အသက်ရှည်အုပ်စိုးနိုင်ပါစေ"

တော်ဝင်သမားတော်ဖန်က ဧကရာဇ်တစ်ယောက်ထဲကိုပဲသစ္စာခံအမှုထမ်းတဲ့ တော်ဝင်သမားတော်မိသားစုကပေါက်ဖွားလာတာဖြစ်သည်။ သူကဆေးဝါးသေတ္တာကိုသယ်ဆောင်လာပြီး ကျန်းချန်နန်းတော်ထဲဝင်တာနဲ့ ဧကရာဇ်ကိုဂါရဝပြုလိုက်သည်။

ဧကရာဇ်ကျင်းလိမှပြောလိုက်တယ်
" တော်ဝင်သမားတော်ဖန် ကျေးဇူးပြုပြီးအမြန်ထပါ"

ဧကရာဇ်ဖူရှန်းကိုတချက်စောင်းငဲ့ကြည့်လိုက်တော့ ဖူရှန်းနားလည်သွားပြီး ချက်ချင်းနန်းတော်အစေခံတစ်အုပ်နဲ့ကုန်းကုန်းတစ်စုကိုဦးဆောင်ပြီးထွက်သွားသည်။ ထိုမှသာ ဧကရာဇ်ကျင်းလိတော်ဝင်သမားတော်ဖန်ကိုကြည့်လိုက်သည်။

တော်ဝင်သမားတော်ဖန်ရှေ့တစ်လှမ်းတတ်လာပြီး
" အရှင်မင်းကြီး ဒီနိမ့်ကျတဲ့ငယ်သားအရှင်မင်းကြီးရဲ့သွေးခုန်နှုန်းစမ်းပါတော့မယ်"

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Where stories live. Discover now