Chapter 51

6.2K 783 21
                                    


လျောင်ချင်းချင်းနိုးလာတော့ သူမဘေးမှာဧကရာဇ်ကျင်းလိမရှိတော့ပေ။

" သခင်မ အိပ်ပျော်နေတာရှီချန်တစ်ဝက်(တစ်နာရီ)လောက်ရှိပါပြီ"

ဟယ်ရှန်းပြောလိုက်သည်။

" အဲ့လောက်ကြာသွားလား? အရှင်မင်းကြီးရော?"

" အရှင်မင်းကြီးက နာရီဝက်ပဲအိပ်သွားခဲ့တာပါ"

" ....."

ဧကရာဇ်ကျင်းလိကတကယ့်ကိုလူနဲ့မတူတာပဲ။ တစ်နှစ်မှာ ၃၆၅ရက်ရှိပြီး သူ့ဘဝရဲ့၃၆၄ရက်ကပင်ပန်းနေရတယ်။

" အရှင်မင်းကြီးဘယ်သွားလဲ? စကားတစ်ခုခုချန်ခဲ့သေးလား?"

" အရှင်မင်းကြီးကတော်ဝင်စာကြည့်ဆောင်ဆီပြန်သွားတာဖြစ်ပြီး သခင်မကိုအတွေးမလွန်ပဲ အာလူးတွေပဲကောင်းကောင်းစိုက်ပျိုးနေဖို့ပြောသွားခဲ့ပါတယ်"

လျောင်ချင်းချင်း ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူမလည်းတစ်ခုခုလုပ်ချင်နေခဲ့တာဖြစ်သည်။ ဒါပေမဲ့သူမကပမွှားကိုယ်လုပ်တော်လေးတစ်ယောက်လေ။ တော်ဝင်မောင်းမဆောင်ထဲမှာအကြာကြီးနေထိုင်ခဲ့တာတောင် ဒုတိယသခင်ကြီးလျောင်နဲ့ကျီရှီကိုကူညီဖို့ သူမဘာတစ်ခုမှမလုပ်ပေးနိုင်ဘူး။

သေသေချာချာစဉ်းစားဆင်ခြင်ပြီးတဲ့နောက်မှာ သူတို့ကိုကူညီဖို့ဆိုတာကမဖြစ်နိုင်ပေ။ အရှင်မင်းကြီးက သူမကိုစိတ်ပူမနေပဲအာလူးတွေစိုက်နေဖို့ပြောခဲ့ပြီး သူမကလည်းလုပ်ပါ့မယ်လို့ပြောခဲ့တယ်။ အာလူးတွေကြီးထွားလာတဲ့အခါ ကြီးမြတ်တဲ့ဝေ့ပြည်ကြီးထဲမှာ အံဝင်ခွင်ကျဖြစ်နိုင်သည်။ ဒါကပြောင်မြောက်တဲ့အောင်မြင်မှုတစ်ခုဖြစ်မှာဖြစ်ပြီး ဒုတိယသခင်ကြီးလျောင်နဲ့အခြားသူတွေမှာ အကျိုးဖြစ်ထွန်းနိုင်သည်။

မူလကိုယ်ရဲ့မှတ်ဉာဏ်တွေနဲ့ဆိုတော့ သူမမှာဒုတိယသခင်ကြီးလျောင်နဲ့ကျီရှီအတွက် ခံစားချက်တွေရှိနေသေးသည်။ ထို့ကြောင့် ဒုတိယသခင်ကြီးလျောင်အကြောင်းအခြေအနေတိုးတတ်မှုကိုလဲနားစွင့်နေရင်း သူမအာလူးတွေကိုကြိုးကြိုးစားစားဂရုစိုက်ခဲ့ပြီး မှတ်တမ်းတင်ခဲ့သည်။

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Where stories live. Discover now