Chapter 78

5K 589 2
                                    


နောက်တစ်ရက်ကနှစ်သစ်ကူးပထမဆုံးရက်ဖြစ်ပြီး ဧကရာဇ်ကျင်းလိဟာဘိုးဘေးတွေပူဇော်ခြင်း တော်ဝင်ရုံးတော်တတ်ရောက်ခြင်း၊ ဝန်ကြီးဌာနခြောက်ခုရဲ့အဖြစ်အပျက်တွေကိုစစ်ဆေးခြင်း အစရှိသဖြင့်တို့နဲ့တဖန်စတင်ကာအလုပ်ပြန်ရှုပ်တော့သည်။ နှစ်ကုန်ပိုင်းနဲ့စာရင်ဒီနှစ်ကအလုပ်ရှုပ်ပြီးစတင်ပါတယ်။ ထိုစဉ် လျောင်ချင်းချင်းသည်လည်း အလုပ်ရှုပ်နေခဲ့ပါတယ်။

တော်ဝင်မောင်းမဆောင်အရေးကိစ္စတွေကို သူမလက်လွှဲယူလိုက်ကတည်းက အရင်လိုမအားတော့ဘူး။ အဓိကကတော့ သူမရဲ့တာဝန်တွေမှာသူမသိပ်မကျွမ်းကျင်တာသေးတာကြောင့်ပဲ။ ထို့ကြောင့် သူမအပတ်တကုပ်လေ့လာခဲ့ပြီး အားအင်ကုန်ခမ်းမှုဒဏ်ကိုဦးနှောက်မှာမခံစားရပေမဲ့ ခန္ဓာကိုယ်မှာခံစားရသည်။ အမြဲတမ်းလည်းအိပ်ငိုက်နေတယ်။

အဲ့‌ဒီနောက်မှသာ အရင်လကသူမရာသီမလာခဲ့မှန်း ရုတ်တရက်သတိရသွားတယ်။ တော်ဝင်ဆေးကုသဌာနကိုသွားပြီး တော်ဝင်သမားတော်ကိုလာကြည့်ပေးရန်ခေါ်ဖို့ သူမဟယ်ရှန်းကိုအမြန်ခိုင်းလိုက်တယ်။ လျောင်ချင်းချင်းက မကြာမီဧကရီဖြစ်လာနိုင်တဲ့ ဧကရာဇ်ကျင်းလိအနှစ်သက်ဆုံးသောသူ ရှီးကျောက်ရုန်ဖြစ်တယ်။ ထို့ကြောင့် တော်ဝင်ဆေးကုသဌာနကဒီကိစ္စကိုအထူးအလေးအနက်ထားပြီး ရှီးကျောက်ရုန်ရဲ့သွေးခုန်နှုန်းကိုစမ်းသပ်ပေးဖို့ ဝါအရင့်ဆုံးတော်ဝင်သမားတော်ကိုစေလွှတ်လိုက်သည်။

ဝါရင့်တော်ဝင်သမားတော်ကြီးက လျောင်ချင်းချင်းကိုသူမရဲ့နေ့စဉ်စားသောက်မှုပုံစံ၊ လုပ်ကိုင်တာ၊ အနားယူတာစသည်ဖြင့် အရင်မေးမြန်းသည်။ လျောင်ချင်းချင်းနဲ့ဟယ်ရှန်းတို့နှစ်ယောက်စလုံး မေးခွန်းတွေကိုဖြေပေးလိုက်တယ်။ သူမသခင်မကဘယ်နားနေမကောင်းဖြစ်နေတာလဲဆိုတာ ဟယ်ရှန်းမသိခဲ့တာကြောင့် ဘေးနားမှာရပ်ပြီးဝါရင့်တော်ဝင်သမားတော်ကြီးက သခင်မရဲ့သွေးကြောစမ်းသပ်တာကို စောင့်ကြည့်နေခဲ့သည်။ သူမသခင်မပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေမှာကို အလွန်သောကရောက်ပြီး စိုးရိမ်ပူပန်နေခဲ့တယ်။

‌ဝါရင့်တော်ဝင်သမားတော်ကြီးက သူမသွေးကြောကိုအလေးအနက်မျက်နှာထားနဲ့စမ်းသပ်နေပြီး ခါတိုင်းထက်ပိုကြာနေခဲ့တယ်။ ဟယ်ရှန်းမှာအသက်အောင့်ထားပြီး စကားတစ်လုံးမှမထွက်ရဲဘူး။ ဝါရင့်တော်ဝင်သမားတော်ကြီးရဲ့အလေးအနက်ဖြစ်မှုကြောင့် လျောင်ချင်းချင်းလည်းအနည်းငယ်စိုးရိမ်နေသည်။

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Where stories live. Discover now