Part-7

368 56 22
                                    

[AN-အပိုင်းတအားမရှည်မှာမလို့ လိုရင်းတိုရှင်းပဲရေးမယ်နော် ]

ဒေါက် ဒေါက် ဒေါက်

"Hyung-nim''

"Hyung-nim ကျွန်တော်ဝင်ခဲ့လို့ရလား
ဝင်ခဲ့ပြီနော်....''

ခွင့်ပြုချက်မရဘဲဝင်သွားသော ဂျောင်ဝူး တံခါးအဝမှာတင် ခေါင်းအုံးနဲ့ပစ်ပေါက်ခံလိုက်ရသည်။

"ဘာလဲ...''

"ဟဲ..ကျွန်တော် အပြင်သွားချင်လို့''

Jihoon စာပွဲပေါ်က ကားသော့ကိုပစ်ပေးရင်း

"သွား...''

"Ayy မဟုတ်ဘူးလေ Hyung နဲ့သွားချင်တာ''

"ဘာ!!!''

"လုိက်ပို့ပါ Hyung ရဲ့''

"ParkJeongWoo ...''

"gomo က Jihoonie hyung ကိုလိုက်ပို့ခိုင်းလို့ပြောတယ် ကျွန်တော် Seoul ကိုမကျွမ်းတာသိရဲ့သားနဲ့''

"ရား...ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာကို သွား''

"အာ Hyung.... ''

''သိပြီ!''

နားပူဒဏ်မခံနိုင်တော့ပြီမလို့ Jihoon လိုက်ပို့ဖို့ဆုံးဖြတ်လိုက်ရသည်။

****

ဒီနေ့မှကားလာကြပ်နေတာကြောင့် ဂျောင်ဝူးစိတ်မရှည်တော့ပေ။

"ကျစ်ကြာလိုက်တာ ''

"Hak မစောင့်ချင်လမ်းလျှောက်သွား''

"မသွားဘူး''

ဂျောင်ဝူး ပွစိပွစိလုပ်ရင်း ကားမှန်ဘက်ကိုလှည့်ကြည့်လိုက်သည်။

"Seoul ကကောင်လေးတွေကချစ်စရာကောင်းသားပဲ''

''ဟား''

"Hyung ဟိုမှာ​ကြည့်ချစ်စရာမကောင်းဘူးလား''

Jihoon က ဖုန်းကိုအာရုံစိုက်ရင်းသာခေါင်းငြိမ့်ပြသည်။

ဂျောင်ဝူးကြည့်နေတဲ့ ကောင်လေးနောက်က အအေးခွက်လေးကိုင်ပြီးထွက်လာတဲ့လူတစ်ယောက်ကြောင့် စိတ်ပျက်လက်ပျက်ဟန်နဲ့

"အာ..ဘာလဲ ရည်းစားနဲ့လား?''

Jihoon ခေါင်းခါရင်းသာ

"မင်းမှာရည်းစားရှိတယ်ဆို ဘာလို့လိုက်ကြည့်နေတာလဲ''

"Ayy ကျွန်တော်ကဒီအတိုင်းကြည့်တာပါ ''

Game Over [Completed]Where stories live. Discover now