part-9

269 57 12
                                    

"The next week

"Hyung ဒီလိုလုပ်တာနဲ့ ဂိမ်းကိုမနိုင်ဘူးနော်''

"ဘယ်လိုပဲဖြစ်ဖြစ်ပိုင်ဆိုင်ရင်နိုင်တာပဲမဟုတ်လား မင်းပြောတဲ့ဂိမ်းထဲ rule တွေမပါဘူး ''

"အဲ့ဒါတော့အဲ့ဒါပေမယ့် အာ Hyung ဗျာ မတရားတာပဲ ''

မဲ့ရှုံ့ရှုံ့ဖြစ်သွားတဲ့ Jeongwooကိုကြည့်ပြီး ဟက် ခနဲ့တချက်ရယ်လိုက်သည်။

"ငါတောင်းဆိုချင်တာ တောင်းဆိုလို့ရပြီလား ဘာပဲဖြစ်ဖြစ်ငါနိုင်တာလေ''

"အင်း..ဘာလဲပြော''

"ဒီအကြောင်းတွေကို ဘယ်သူမှမသိစေနဲ့''

"ဗျာ?..''

"ငါအဲ့ဒါပဲပြောချင်တယ် တောင်းဆိုတာမဟုတ်ဘူး မင်းကိုသတိပေးတာ ''

ပြောပြီး Paji ကုတ်အင်္ကျီကိုဆွဲ၍ အခန်းထဲမှထွက်သွားလေသည်။

"Jihoon Hyung ခင်ဗျားက ကျွန်တော့်ကို ခဗျားဘက်တော်သားလို့အပိုင်တွက်ထားပုံပဲ ဟက်''

*******************

လူနှစ်ကိုယ်စာသာ သွားနိုင်တဲ့လမ်းကျဥ်းလေး။ ထွက်နေသောအနံ ့ပေါင်းစုံကြောင့် Jihoon နှာခေါင်းတရှုံရှုံ့သာလုပ်မိသည်။

"နံလိုက်တာ...''

စုတ်ပြတ်နေတဲ့အဆောက်အအုံတစ်ခုရှေ့ရောက်တော့ Jihoon ခြေလှမ်းတွေ အထဲသို့ဦးတည်သွားလေသည်။

တရားမဝင်ဆေးဝါးရောင်းဝယ်သည့်နေရာ>

"အော်ရောက်လာပြီလား ''

"အင်းဘယ်မှာလဲ ကျုပ်တောင်းတဲ့ဆေး''

"မလောပါနဲ့ ဆေးရဲ့အကျိုးရလာဒ်တွေပြော ဦးမယ်''

"ကျစ် ''

Jihoon စိတ်မရှည်စွာဘဲ အနက်ရောင် ဝတ်စုံနဲ့လူရှေ့မျက်နှာချင်းဆိုင်သွားထိုင်လိုက်သည်။

"ရော့ ဒီိမှာ.....''

Paji လက်ထဲကဆေးထုတ်လေးကို ကိုင်ကြည့်ရင်း

နှစ်လက်မသာသာဘူးလေးမလို့

"ဒါကုန်ရင် ဒီမှာပဲ ပြန်လာဝယ်ရမှာလား တစ်ခါတည်း အများကြီးလုပ်ပေးလိုက်ပြီးရောကို ''

Game Over [Completed]Where stories live. Discover now