Final

502 56 21
                                    

အဖြူရောင်ပိတ်စလေးအုပ်ထားတဲ့ လူနာခုတင်လေးက ငူငူကြီးရပ်နေတဲ့ ဒိုယောင်းအနားကနေ တရွေ့ရွေ့ ဖြတ်သွားလေသည်။

စိတ်ထဲ မှာသာအကြိမ်ကြိမ်အော်ဟစ်နေပေမယ့် လက်တွေ့မှာတော့ တကယ်ဒိုယောင်းဘာအသံမှမထွက်နိုင်ပါ။ ပျောက်ကွယ်သွားတဲ့အဖြူရောင်အရိပ်လေးကြောင့် သွေးပျက်သည့်အလား။ ပြီးမှ

"ဒိုယောင်း Hyung စိတ်အေးအေးထား''

"ဂျောင်ဝူး ရား ဂျောင်ဝူး ငါအိမ်မက်မက်နေတာလား ငါ့ကိုနှိုးပါ ဒီအိမ်မက်ကြီးငါဆက်မမက်ပါရစေနဲ့ ''

က​ယောင်ကတမ်းအော်နေပြီး ဂျောင်ဝူး ရဲ့ကော်လံစကို ဆွဲနေလေသည်။

"Hyung ''

"ဟင် အစ်ကိုရော...အစ်ကိုဘယ်မှာလဲ ငါ့ကို ငါ့ကို နောက်နေတာမလား ''

"ဒို​ယောင်း Hyung စိတ်အေးအေးထားပါ ''

"ငါ့အကုန်လုံးခွင့်လွှတ်တာမလို့ အစ်ကို့ကိုသာပြန်ခေါ်လာပေးပါ နော် ဂျောင်ဝူး ရား ငါတောင်းပန်ပါတယ် ''

လက်အုပ်မချီရုံတမယ် တောင်းပန်နေသည်မှာတုန်တုန်ယင်ယင်။

"အစ်ကို ကိုငါပြောစရာတွေအများကြီးရှိသေးတယ် နော် ဂျောင်ဝူး အစ်ကိုကို​မှာစရာတွေကျန်သေးတယ် ငါနောက်ဆုံးအကြိမ်ထိ အစ်ကို့ဘေးမှာနေချင်သေးတယ် ''

"....''

"အစ်ကို ငါ့အပေါ်ဘာလုပ်လုပ် ငါ့အတွက်အများကြီးထိခိုက်ရင်တောင်မှငါခွင့်လွှတ်တယ် အဲ့ဒါကြောင့် အဲ့ဒါကြောင့် မလို့ကျေးဇူးပြုပြီး အစ်ကိုကိုပြန်ခေါ်ပေးပါနော် ဂျောင်ဝူး ''

တုန်တုန်ရီရီနဲ့ပြောပြီး ကြမ်းပြင်ပေါ်သို့လဲမကျသွားခင် ထိန်းလာတဲ့ရင်ခွင့်တစ်စုံ။ ဒီအချိန်မှာ အခံစားရဆုံးလူက ထိုလူသားဖြစ်မယ်ထင်ပါရဲ့။

"Hyung သတိထားပါဦး''

"အကို သူ့ကိုခေါ်သွားလိုက်မယ်''

"ဗျာ?..အော်ဟုတ်''

ဂျောင်ဝူးထိုလူကို​ကောင်းကောင်းသိတာကြောင့်ဆက်ပြီးမပြောတော့ပေ။

ထိုလူက Doyoung ကိုပွေ့ချီပြီး လူနာခန်းထဲသို့ခေါ်ဆောင်သွားလေသည်။

Game Over [Completed]Where stories live. Discover now