part-12

258 54 7
                                    

လက်ချောင်းသေးသေးလေးတွေလှုပ်သွားတဲ့လိုခံစားမိပေမယ့် ထပ်ပြီးထူးထူးခြားခြားမတွေ့ရ။

"စိတ်ထင်နေတာလား Yoshi.....''

___________________

<<<1 month later >>>

အစ်ကိုက ကျောင်းပြီးသွားတာတောင် အပြင်ကိုလိုက်ပို့ဖို့မပြောဘူး။ တစ်နေ့တစ်နေ့ ဒီအိမ်လေးထဲမှာပဲ

သစ်ပင် ပန်းပင်တွေ လေသာဆောင် ရေကူးကန် အစရှိတဲ့ စိတ်အပန်းဖြေလို့ရတဲ့နေရာတွေရှိနေလို့တော်သေးတာပေါ့။ မဟုတ်ရင်ခြောက်ကပ်ကပ်နေမှာ

ဒိုယောင်း ခြေနှစ်ဖက် ကိုရေကူးကန်ထဲထည့်ပြီး လှုပ်ရမ်းနေမိသည်။

"Doyoung Hyung ''

နောက်ကအသံတစ်ခုကြောင့် ဒိုယောင်းလှည့်ကြည့်လိုက်သည်။

"အော် ဂျောင်ဝူး ''

ဂျောင်ဝူးက ဒိုယောင်းဘေးမှာထိုင်ပြီး ခြေနှစ်ဖက် ရေကန်ထဲ ချလိုက်သည်။

"နေကောင်းရဲ့လား Hyung ''

"အင်းကောင်းပါတယ် ''

အစ်ကိုက ဂျောင်ဝူးနဲ့မပတ်သတ်ခိုင်းပေမယ့် တိုက်ရိုက်ကြီးရှောင်လို့မကောင်းဘူးလေ။ အားနာတတ်တဲ့ အကျင့်က အရင်ကတည်းကရှိနေတယ်ထင်ပါရဲ့ ။

"ဂျောင်ဝူး.ဘာလို့လဲ မျက်နှာလည်းမကောင်းပါလား ''

"အာသိသာနေလား ''

"အင်း ''

Doyoung က ခေါင်းငြိမ့်ပြတော့ Jeong woo စိတ်မပါတဲ့အပြုံးတစ်ခုပြုံးပြရင်း

"ကျွန်တော့်ရည်းစားရှိတယ်လို့ပြောဖူးတယ်မလား ''

"အင်းပြောဖူးတယ် ''

"အခုသူနဲ့အဆင်မပြေဘူး ''

"အော် အသည်းကွဲလာတာပေါ့ ''

"အဲ့လိုပြောပါတော့ ဟက်''

ပြောရင်းမျက်နှာအောက်ချသွားတဲ့ ဂျောင်ဝူး
ကြောင့် Doyoung  ကျောလေးကိုပုတ်ပေးမိသည်။

အစ်ကိုဘာကြောင့် မပတ်သတ်ခိုင်းလည်းမသိပေမယ့် ဂျောင်ဝူးက တကယ် ပေါင်းလို့ကောင်းတဲ့ကောင်လေးတစ်ယောက်ပါ။ ပွင့်လင်းပြီးပျော်ပျော်နေတတ်တဲ့ အကျင့်လေးလည်းရှိတော့ ကျွန်တော်တကယ်ခင်မိပါသည်။ ဒါပေမယ့် လည်း

Game Over [Completed]Where stories live. Discover now