ဇာတ်လမ်း အကျဥ်းချုပ်

3.8K 130 1
                                    

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်လေးပဲ!

ဇာတ်လမ်း အကျဥ်းချုပ်

အဖေ: "ချန်ချန်.....သူက အကြောသေနေတဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်။ဒါပေမယ့် သမီး သူ့ကို လက်ထပ်ဖို့ သဘောတူတာနဲ့ ပါးတို့ကုမ္ပဏီလည်း မပြိုကွဲရတော့ဘူးပေါ့။"

အမေ: " ပြီးတော့ သမီးညီမလေးလည်း သူ့ရဲ့နှလုံးရောဂါအတွက် အကောင်းဆုံးကုထုံးနဲ့ ကုနိုင်သွားမှာလေ။"

စေ့စပ်ကြောင်းလမ်းထားသူ : "မင်း လက်ထပ်ခဲ့မယ်ဆိုရင်လဲ ကိုယ့်ကိုကိုယ် စင်ကြယ်သန့်ရှင်းအောင် ထိန်းသိမ်းနိုင်သရွေ့ ငါ့ကိုလည်း အထောက်အပံ့တွေရအောင်လို့ မင်း ကူညီပေးနိုင်လိမ့်မယ်လေ"

အနားမှာရှိတဲ့ လူတိုင်းကတော့ ကျင်းချန်ရဲ့ဒုက္ခတွေကို စာနာကြပါသည်။

သူမဟာ မိန်းမပျိုလေးတစ်ယောက်ဖြစ်လေသော်လည်း အခုတွင်တော့ သူမ၏ အနာဂတ်ဟာ အကြောတွေသေနေတဲ့လူတစ်ယောက်နှင့် လက်ထပ်လိုက်ရပြီးနောက် ပျက်စီးကြေကွဲသွားပြီဖြစ်သည်။

သူမသည် သူမ ညီမလေး ဂီတပါရမီရှင်တစ်ယောက်အနေဖြင့် ပုံသွင်းပေးဖို့အတွက် သီချင်းတွေကို ရေးပေးရရုံသာမကပဲ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သူမနှင့်စေ့စပ်ထားသူ အတွက်ပါ အခွင့်အလမ်းတွေရအောင်လုပ်ပေးဖို့ကိုလည်း ဖိအားပေးခံရခဲ့လေသည်။ သူတို့နှစ်​ယောက်အတွက် ဒါတွေအားလုံးကို သူမလုပ်ပေးခဲ့တာတောင်မှ အဲ့နှစ်ယောက်ကပေါင်းပြီး သူမကို အစိမ်းရောင်တောက်တောက် ဦးထုပ်ဆောင်းပေးခဲ့ကြသေးသည်လေ။

အိုး! ..ကျင်းချန် ပြန်လည်မွေးဖွားလာပြီးနောက် သူမမျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန်တွင် သူမက သနားစရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို သူမ သဘောပေါက်လိုက်ရသည်။

သူမ၏အရင်ဘဝ၌ သူမဟာ ကြောက်စရာကောင်းတဲ့ ဗီလိန်မတစ်ယောက် ဖြစ်ခဲ့တာကြောင့် အခုဘဝမှာတော့ သူမအတွက် ပျော်စရာကောင်းတာလေးတွေကို လုပ်တော့မည် သူမ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Där berättelser lever. Upptäck nu