စာစဥ် ၂ ။ အခန်း ၆ မှ ၁၀ ထိ။

785 76 0
                                    

Unicode

စာစဥ် ၂ ၊ အခန်း ၆ ။       နင်တို့က ငါ့ကိုရိုင်းပြခဲ့ပြီးပြီ

 

ထိုအခါချက်ချင်းပဲ ချင်းရီ၏နှုတ်မှ ပေါ့ပေါ့ပါးပါး စကားလုံးများကို ထုတ်ဖော်ပြောလာတော့သည်။

“ချင်းရီဆိုတဲ့ ကိုယ့်မှာ မိန်းမဆိုလို့ မင်းတစ်ယောက်ပဲရှိတာပါ။အဲ့ဒါ မင်းပါပဲ ကျင်းချန်။မင်းကိုပဲ ဆက်ချစ်သွားမှာပါ။ကိုယ်ကဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။”

 

သူ့နောက်က အမျိုးသမီးကတော့ ဟောဟဲလိုက်နေပြီး သူမမျက်နှာမှာ ဖျော့တော့လာတော့သည်။ သူမ၏မျက်နှာထက်တွင် ဒေါသ၊ရှက်ရွံ့မှုနှင့် မတရားခံရမှုများနှင့်ပြည့်နှက်နေတာကြောင့် သူမနှုတ်ခမ်းများကိုသာ သူမ ကိုက်ထားလေသည်။

 
“ဒါပေမယ့် ကျင်းချန် မင်းအခုပြောခဲ့တာတွေက တော်တော်လွန်တယ်နော်။မင်းက ကိုယ့်ကို စော်ကားရုံမက ရှောင်လုကိုပါ စော်ကားလိုက်သေးတယ်။မင်းက သူ့ကို…ခွေးလို့ပါ ခေါ်လိုက်သေးတယ်။သူ့အတွက်အရမ်းရက်စက်လွန်းတယ် မထင်ဘူးလား။”

 

တောင့်တင်းပြီး ကျယ်လောင်တဲ့အသံနဲ့ သူမနာမည် အပြည့်အစုံကို ဖုန်းထဲမှ ခပ်တိုးတိုးကြားနိုင်သည့် တုန်ယင်နေသော အသက်ရှူသံများကို သဘာဝကျအောင် ကြိုးစားနေရင်ခေါ်နေတာ ကြားလိုက်ရတော့ ကျင်းချန် အကျယ်ကြီးအော်ရယ်လိုက်လေသည်။

 

သူမရယ်သံက ကြည်နူးဖွယ်ကောင်းလှသည်။ဖြတ်သန်းသွားလာနေတဲ့ သာမန်တောသူတောင်သား လယ်သမားများကို စနောက်နေသည့် မကောင်းဆိုးမက တောင်ကြားချိုင့်ဝှမ်းများထဲမှာ ရုတ်တရက်ပေါ်လာတာနှင့်တောင် တူနေသည်။

 

“ဘာဖြစ်လို့လဲ။သူက ဒီနေရာမှာ ဘယ်လိုမှမရှိနိုင်တာ။အခြားလူတွေနောက်ကွယ်မှာ မကောင်းတာတွေ ပြောခဲ့တာက ဘယ်သူလဲ။ရှင် ကျွန်မရှေ့မှာလည်း တခြားသူတွေမကောင်းကြောင်းကို ခဏခဏမပြောဘူးလား။”

“ဒါပေမယ့်…ချန်ချန်….”

“ရှင်က သူ့ကို ဘာလို့အရမ်းတွေ ဂရုစိုက်ပြနေတာလဲ။သူက ကျွန်မထက် ပိုကောင်းတယ်လို့ ထင်လို့လား။”

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now