စာစဥ် ၂ ၊ အခန်း ၁၁ မှ ၁၅ ထိ။

792 66 1
                                    

Unicode

စာစဥ် ၂ အခန်း ၁၁ ။ပြန်လည်မွေးဖွားခြင်းကို ပထမဆုံးသိသာစေသည့်နေ့

 

 

သူ့ခန္ဓာကိုယ်ကို မှောက်လှန်ပြီးသွားပြီဖြစ်သော်လည်း ကျင်းချန်က သူ့ကို လွှတ်မပေးသေးချေ။ လွှတ်ပေးရမည့်အစား သူ့လက်တစ်ဖက်ကို ကိုင်ထားလျက် သူ့အင်္ကျီများကို ဆွဲယူကာ ကျကျနနဝတ်ဆင်ပေးလေသည်။

 

 

 

ထို့နောက် သူ့အင်္ကျီကြယ်သီးများကို တပ်ဆင်ပေးပြီးနောက် အခန်းအပူချိန်ကိုလည်း သူမအခန်းကို မပြန်ခင် နှစ်ဆယ့်ခြောက်ဒီဂရီဖြစ်အောင် ချိန်ညှိထားလိုက်သည်။

 

တံခါးပိတ်သွားတာနှင့် ကျန့်လီချွမ်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

 

 

 

သူ့ဦးနှောက်က အမိန့်များကို လိုက်နာသည့် တက်ဘလက်ကို သူ့အထက်နားတွင် ထော့င်ဖြတ်ထားလိုက်လေ၏။

 

သူမလမ်းလျှောက်မည့် ကြာချိန်နှင့် အချိန်ကို ကိုက်ညှိထားခဲ့သည်။သို့ရာတွင် အိပ်ရာထဲမှာသူလှဲနေပြီး အခန်းထဲတွင် မည်သူမျှမရှိသည်ကိုသာ စခရင်က သူ့ကို ပြသနေခဲ့သည်။

 

စခရင်ပေါ်ကအချိန်တွေက ဆက်ပြီးရွေ့လျားလာလေသည်။သူ့ကို နှိပ်နယ်ပေးနေစဉ် အခန်းထဲတွင် မိနစ်လေးဆယ်လောက်ကြာအောင် သူမရှိနေခဲ့သည်။ဒါပေမယ့် သူ့ရှေ့က စခရင်ပေါ်တွင်တော့ သူ့အခန်းထဲကို သူမဝင်လာသည့်လက္ခဏာများ ရှိမနေခဲ့ပေ။

 

*ဒါဆို….

 

ဒီမိန်းမက ဆေးပညာအကြောင်းကို သိရုံတင်မကဘူး။ဟက်ကာတစ်ယောက်လည်း ဖြစ်နေတာလား။*

 

“ဟက်ချိုး…”

 

 

 

လက်တွေဆေးကြောပြီး သူမအိပ်ရာဆီသို့ ပြန်လာတော့ ကျင်းချန် အကျယ်ကြီး နှာချေလိုက်လေသည်။သူမပြန်လည်မွေးဖွားလာပြီး ပထမနေ့မှာပဲ သူမကိုယ်သူမ ထုတ်ဖော်ပြမိပြီလားဆိုတာကိုတော့ မတွေးတတ်တော့ပေ။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now