စာစဥ် ၂ ။ အခန်း ၁ မှ ၅ ထိ ။

854 66 0
                                    

စာစဥ် ၂ ၊ အခန်း ၁။ သူမ ထပ်ပြီး ဒေါသထွက်နေပြန်ပြီ

 

ကျန့်ယွီဟုန်က လှေကားပေါ်ကို တက်လာလေသည်။တစ်ချိန်တည်းမှာပဲ အောက်ထပ်ကို  ဆင်းလာတဲ့ ကျင်းချန်ဆီကို သူမ ပြေးသွားလိုက်သည်။

 

သူမက အရင်လို ခန္ဓာကိုယ်ကို ကပ်ရပ်ပြီး တလက်လက်တောက်ပနေတဲ့ ဂါဝန်သေးသေးလေးတွေကို မဝတ်တော့ပေ။အဲ့ဒီအစား ပေါ့ပေါ့ပါးပါး၊အဖြူရောင်၊ဆိတ်မွှေးဖြင့်လုပ်ထားသည့် လည်ဝိုင်းဆွယ်တာကို ဂျင်းအချိုနှင့်တွဲဖက်ပြီး  အဖြူရောင် ဟာမီးကတ္တီပါ စလစ်ပါတစ်ရန်နှင့် တွဲဝတ်ထားလေသည်။

 

သူမရဲ့နီညိုရောင် ဆံပင်ရှည်ကြီးက အနည်းငယ်ကောက်လိမ်နေပြီး ဘေးတစ်ဖက်တစ်ချက်စီကို လေးတွဲ့စွာ ဖြန့်ကျနေလေသည်။သူမ အောက်ထပ်ကို ဆင်းလာတာကြောင့် ဆံနွယ်တွေက ညင်သာစွာ သူမ၏ပခုံးနှင့် ဘဲငန်းလေးလို ဖြူဖွေးလှသည့် သူမ၏လည်တိုင်ထက်တွင် ရွှေ့လျားနေကြသည်။

 

 

 

သူမလမ်းလျှောက်နေစဉ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် ကွယ်ဝှက်ထားသည့် သူမ၏သေးသွယ်သော ခါးလေးက အခုဆိုအရင်ကထက် ပိုပြီးကျက်သရေရှိလာသလိုပင်။အကျိုးဆက်အနေနဲ့ အရင်ကလို ကိုယ်ကျပ်ဝတ်စုံဝတ်ထာထက်ကိုပင် ပိုပြီးနှစ်လိုဖွယ်ကောင်းနေကာ သူမသည် ဆွဲဆောင်မှုရှိနေတော့လေသည်။

 

 

သူမက မိတ်ကပ်ပါးပါးလေးသာ လိမ်းထားပေမယ့်လည်း ချောမွေ့နုနယ်ပြီး သူမနှင့်လိုက်ဖက်နေလေသည်။ သူမ၏မျက်ခုံးများကလည်း သူမကို ကျက်သရေရှိသွားစေပြီး သူမ၏တောက်ပပြီး စွဲမက်စရာမျက်ဝန်းများနှင့် တွဲဖက်လိုက်ပါက အံ့ဩစရာကောင်းလောက်အောင် သဘာဝကျလှပနေလေသည်။

 

 

ကျန့်ယွီဟုန် သူ့ရှေ့မှာရှိတဲ့ ဒီအမျိုးသမီးဟာ လူသားတွေရဲ့ဝိညာဉ်ကို လိုက်လံစုပ်ယူတတ်တဲ့ အိမ်အိုကြီးထဲက မကောင်းဆိုးဝါးမတစ်ယောက်နှင့် တူလှသည်ဟု သူမ ခံစားမိလိုက်သည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Opowieści tętniące życiem. Odkryj je teraz