စာစဥ် (၁) အခန်း ။ ၄ မှ ၁၀ ထိ

1K 87 1
                                    

Unicode

စာစဥ် ၁ ၊ အခန်း ၄ ။ ခေါင်းထိခိုက်မိ၍သတိမေ့သွားခြင်း၏အကျိုးဆက်

 

သူတို့ အိမ်ကိုပြန်ရောက်သွားကြသောအခါ အိမ်ထဲမှာရှိတဲ့ အလုပ်သမားတိုင်းက သူတို့ကို အထင်သေးအမြင်သေးပြီး ပြက်ရယ်ပြုလိုကြသော အကြည့်များဖြင့် ကြည့်နေကြသည်ကို ကျင်းချန် သတိထားမိလိုက်သည်။သို့ရာတွင် သူမ သည် သူတို့နားကို ဖြတ်လျှောက်သွားလိုက်တာနဲ့ပင် ထိုလူများက သူမကို “မမလေး”ဟုပင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ကြသေးသည်။

 

 

သူတို့၏မျက်လုံးတွေက ကျင်းချန်တို့ကို မကောင်းဆိုးတွေလို အကြည့်မျိုးနှင့် ကြည့်နေကြပေမယ့် သူမကို နှုတ်ဆက်နေကြသေးသည့် အလုပ်သမားများကိုပင် ကျင်းချန် မြင်လိုက်တာနှင့် ထိုသူတို့ကို သူမ၏ခေါင်းကို ညိတ်ပြဖို့တောင် သူမ စိတ်မပါတော့ဘူးဖြစ်နေလေသည်။သူမခေါင်းမေ့ာလျက်သားနှင့်ပင် ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သည်။

 

ထမင်းစားခန်းထဲတွင် ထိုင်နေသောပုဂ္ဂိုလ်မှာ သူမ၏သူဌေးပင် ဖြစ်လေသည်။သူသည် Opစီးပွားရေးလုပ်ငန်းစု၏ဉက္ကဌ၊ကျန့်မိသားစု၏ အကြီးအကဲတစ်ယောက်ဖြစ်သည့် ကျန့်ရန်ဟောက်ပင်ဖြစ်၏။သူ၏သားနှင့်ချွေးမကတော့ ဆုံးသွားပြီဖြစ်ပြီး မြေသုံးယောက်ကတော့ သူ့တွင် ကျန်နေခဲ့ရှာသည်။ကျန့်ရန်ဟောက်၏မြေးများမှာတော့  အကြီးဆုံးမြေးဖြစ်သည့် ကျန့်ယွီဟုန်၊ကျန့်မိသားစု၏ ဒုတိယသခင်မလေးကျန့်ရှုယွီနှင့် နောက်ဆုံး တတိယသခင်လေး ကျန့်လီချွမ်တို့ဖြစ်ကြသည်။

 

ယခုအချိန်တွင် ကျန့်အဘိုးကြီး၏ညာဘက်တွင် ဗီဒီယိုရှိနေသည့် မစ္စကျန်းယွီရှီးက ထိုင်နေပြီး ပထမသခင်လေး ကျန့်ယွဲ့ဟုန်ကတော့ ကျန့်သခင်ကြီး၏ဘယ်ဘက်တွင် ထိုင်နေကြလေသည်။ဒုတိယသခင်မလေး ကျန့်ရှုယွီကတော့ အိမ်မှာတောင် ရှိပုံမရချေ။

 

ကျင်းချန်သည် သူတို့ထဲက ဘယ်သူနဲ့မှ သူမ နီးနီးကပ်ကပ် မနေချင်တာကြောင့် ကျန့်အဘိုးကြီးနှင့် မျက်နှာချင်းဆိုင်တွင်သာ သူမ ဝင်ထိုင်လိုက်လေသည်။

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်မလေးပဲ! Where stories live. Discover now