Ep - 1

1.9K 265 95
                                    

(Unicode)

Y city က X နိုင်ငံရဲ့ မြောက်ဖက်ပိုင်းရှိ တောင်ပေါ်ဒေသမှာရှိပြီး အဓိက မြို့တော်ကြီးဖြစ်သည်။ ဒီဇင်ဘာလရဲ့ မနက်ခင်းက အလွန်ပင်အေးကာ နှင်းများ ထူထဲစွာကျလျက်ရှိ၏။

ဒီနှစ်ရဲ့ ဆောင်းရာသီက အအေးပိုပြီး ယခင်နှစ်ကထက် အပူချိန်ကျဆင်းမှာဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ရာသီဥတုကဆိုးရွားနေတာပေမယ့် လမ်းပေါ်မှာတော့ လူတွေက နေ့တစ်ဓူဝ ပုံမှန်မပျက်သွားလာလှုပ်ရှားဆဲပင်ဖြစ်သည်။

ရိပေါ်လည်း ပုံမှန်အတိုင်း အလုပ်သွားရမည်ဖြစ်၏။ သူ့အလုပ်က မူကြိုကျောင်းဆရာဖြစ်ပြီး ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးရတဲ့အလုပ်ဖြစ်၏။

ကလေးတွေကိုထိန်းရတာ အရမ်းလည်းမလွယ်ကူသလို အရမ်းလည်း မခက်ခဲတဲ့အလုပ်ဖြစ်သည်။ ဟန်ဆောင်ခြင်းကင်းပြီး အတုအယောင်တွေမရှိတဲ့ ကလေးတွေနဲ့ နေရတာ ပျော်စရာတော့ ကောင်းသည်။

ရိပေါ်အလုပ်လုပ်နေသည်မှာ Y city ရဲ့ နာမည်ကြီး မူကြိုကျောင်းဖြစ်ပြီး လသားကလေးအရွယ်ကစလို့ အသက်ငါးနှစ််အထိ မူကြိုကျောင်းအပ်လက်ခံသည်။

တန်းခွဲပေါင်းများစွာရှိပြီး မူကြို ဆရာဆရာမပေါင်းများစွာဖြင့် စနစ်တကျ လည်ပတ်နေသော ကျောင်းကြီးဖြစ်၏။

တန်းခွဲတွေကလည်း အသက်အရွယ်အလိုက် ကန့်သတ်ထားပြီး လစာကလည်း ကွာခြားသွားသည်။  ဆရာဆရာများမှာလည်း Beta နဲ့ Omega များသာဖြစ်ကြပြီး လုံးဝ Alpha မရှိပေ။

မူကြိုဆရာအလုပ်ဖြစ်လင့်ကစား လစာကောင်းပြီး ဒီကျောင်းမှာအလုပ်လုပ်ဖူးရင် impression ကောင်းကာ တစ်ခြားအလုပ်ရဖို့ လွယ်သည်။ ဒါကြောင့် ဒီကျောင်းမှာ ဆရာဖြစ်ချင်ကြကာ အလုပ်လျှောက်ကြတဲ့လူတွေ ဒုနဲ့ ဒေးရှိ၏။

ရိပေါ်လည်း ဒီအလုပ်ကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပေ။ အင်တာဗျူးအဆင့်ဆင့်ဝင်ပြီးမှသာ ရခဲ့တာဖြစ်၏။

အထက်လူကြီးတွေဘက်က ကိုယ်ရေးအချက်အလက်နဲ့ အင်တာဗျူးကိုကြည့်ပြီး စစ်တမ်းကောက်ယူကာ အင်တာဗျူးလာလျှောက်တဲ့သူတွေကို သင့်တော်တဲ့နေရာကိုချထားပေးသည်။

You-aholicWhere stories live. Discover now