(Unicode)
ရှောင်းကျန့်က ရိပေါ်ကိုခေါ်သွားသည်မှာ သူ့အိပ်ခန်းအတွင်းသို့ဖြစ်၏။
ခြေထောက်နဲ့ ကြမ်းပြင်နဲ့ထိမှပဲ ရိပေါ်က သက်ပြင်းချနိုင်သည်။
တော်ပါသေးရဲ့ အောက်ထပ်ကိုပစ်မချလိုက်လို့ !!
" ဒါက ကျန့်ကျန့်အခန်းလား "
" အင်း "
ရိပေါ်က အခန်းထဲကို လှည့်ပတ်ကြည့်ရှုလျက်မေးလိုက်သည် ။ ရှောင်းကျန့်ရဲ့ အခန်းလည်း အလွန်ကြီးကျယ်လှသည်လေ။
ဥက္ကဌရဲ့ အခန်းဆိုတော့ အရမ်းကြီးလည်း စပ်စုရဲ။ တန်ဖိုးကြီးပစ္စည်းတစ်ခုခု သူ့ကြောင့် ထိခိုက်သွားမှာကြောက်သည်။
ဥက္ကဋ္ဌကလည်း ကလေးစိတ်သာပေါက်တာ အခန်းတွင်း ကလေးဆန်တဲ့ အရာဆ်ိုလို့ တစ်ခုမှတောင် မတွေ့ရပေ။
အိပ်ယာကအစ မီးခိုးရောင်ကိုအများဆုံးသုံးထားပြီး လူကြီးဆန်လှသည်ဟုခံစားရသည်။
" အာ့! ခေါင်းက "
ရှောင်းကျန့်က ရုတ်တရက်ကြီး ခေါင်းကိုက်လာတာကြောင့် ခေါင်းကိုဖိလျက် ကြမ်းပြင်ပေါ်ထိုင်ချလိုက်၏။
" ဘာဖြစ်တာလဲ ခေါင်းကိုက်တာလား "
ရိပေါ်က ရှောင်းကျန့်နားအမြန်သွားပြီးမေးကာ ဂုတ်ကြောကို နှိပ်ပေးလ်ိုက်သည်။
" ခေါင်းအရမ်းကိုက်တယ် "
ရိပေါ်လည်း ဘာမှမလုပ်တတ်။ ရှောင်းကျန့်က ခေါင်းကိုက်တယ်ချည်းအော်နေ၏ ။ တတ်သလောက်မှတ်သလောက်ဖြင့် နားထင်နဲ့ ပခုံးကြောတွေပါ အသာလေးနှိပ်ပေးနေမိသည်။
ရိပေါ်က ကြမ်းပြင်ပေါ်ကိုထိုင်ချလိုက်တော့ ရှောင်းကျန့်ပါရင်ခွင်ထဲ ပြိုလဲလာ၏။
ရိပေါ်ရဲ့ ရင်ဘတ်ကို ခေါင်းမှီလျက် ရှောင်းကျန့်က မှိန်းနေသည်။ နည်းနည်းတော့ သက်သာသွားမယ်ထင်သည်။
" သက်သာသွားပြီလား "
" အင်း "
အားမရှိသလို ခပ်ဖျော့ဖျော့သာဖြေလာခဲ့၏။ ရိပေါ်က ရှောင်းကျန့်ကိုကြည့်ပြီး စိတ်လည်းမကောင်းပေ။
YOU ARE READING
You-aholic
FanfictionALPHA × OMEGA This story is from my imagination . This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't like this kind of story don't read this. Thanks!