Ep - 3

1.3K 255 152
                                    

(Unicode)

Z city သို့ လေယာဥ်ဖြင့်သွားရောက်ရပြီး  အထူးတန်းမှ လိုက်ပါစီးနင်းရ၏။

အလုပ်လုပ်ဖို့အတွက် ဝန်ထမ်းတစ်ယောက်ကို လေယာဉ်အထူးတန်းမှစီးဖို့ အခွင့်အရေးပေးထားသည်ကိုတော့ ရိပေါ်လည်း အံ့သြမိသည်။

လာကြိုတုန်းကလည်း ကားအကောင်းစားကြီးနှင့်။

Z city နဲ့ Y city က တစ်နာရီခွဲခန့်ကြာအောင်စီးနင်းရမှာဖြစ်သည်။ ရိပေါ်မှာ ကိုယ့် luggage ကိုယ်တောင် ဆွဲစရာမလို ။ ကျန်းမင်နဲ့ အတူပါလာတဲ့ လူတစ်ယောက်က ရိပေါ်ရဲ့ အထုပ်တွေကိုသယ်ပေးသဖြင့် အားနာနေရသည်။

သူဌေးက ဝန်ထမ်းကိုပေးတဲ့ ဆားဗစ်က အကြမ်းကြီး။

ရိပေါ်အခုမှ စဥ်းစားမိသည်က သူက ဥက္ကဌရှောင်းကိုမမြင်ဖူးသေးပေ။

ရုပ်ကြမ်းကြီးနဲ့များ ကလေးစိတ်ပေါက်နေမလား။ ပုံစံကြီးက ကြောက်စရာကြီးလား။ ဥက္ကဋ္ဌဆိုတော့ ဘာအဝတ်အစားတွေဝတ်တာလဲ။ suit တွေဘာတွေဝတ်ပြီး သူငယ်ပြန်နေတာဆိုရင်ရော ?

စသဖြင့် အသေးစိတ်လိုက်တွေးတောနေမိသည်။ ဥက္ကဋ္ဌရှောင်းရဲ့ ပုံပန်းသွင်ပြင်ရယ် ပင်ကိုယ်စရိုက်နဲ့ ပက်သက်ပြီး သ်ိချင်တာလေးတွေရှိတာကြောင့် ကျန်းမင်ကိုမေးကြည့်ဖို့ စိတ်ကူးလိုက်သည်။

မနေ့က ဥက္ကဋ္ဌရှောင်းရဲ့ ကိုယ်ရေးအကျဥ်းက်ို သေချာဖတ်လိုက်ရရင်အကောင်းသား။

" အစ်ကိုကျန်းမင် "

ဘယ်လိုခေါ်ရမှန်းမသိတာကြောင့် လေးစားသမှုနဲ့ အစ်ကိုတပ်ခေါ်လိုက်၏။

" ဟုတ်ကဲ့ ဆရာဝမ် "

" ဥက္ကဋ္ဌရဲ့ ပုံစံက ဘယ်လိုရှိလဲဟင် "

" ဘောစ့်ရဲ့ ရုပ်ရည်ကိုပြောတာလား "

ရိပေါ်က ခေါင်းငြိမ့်ပြလ်ိုက်သည်။

" ကျွန်တော်တို့ ဘောစ့်က အရမ်းချောပါတယ်။ A list မင်းသားနဲ့ ယှဥ်နိုင်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်။ စည်းစိမ်ရော ပညာရော အရာအားလုံးပြီးပြည့်စုံတဲ့လူပါ "

" သြော် "

ရိပေါ်က ခေါင်းငြိမ့်လိုက်၏။

A list မင်းသားနဲ့ယှဥ်နိုင်တာတော့ နည်းနည်းပိုလွန်းသလားလို့။ သူဌေးတွေဆိုရင် သိတဲ့အတိုင်း ရုပ်ဆိုးဆိုး ဗိုက်ပူပူ အဘိုးကြီးတွေကများတယ်လေ။ နှိမ်တာတော့ မဟုတ်ပေမယ့် ရှစ်ဆယ်ရာခိုင်နှုန်းကတော့ အမှန်တရားပဲ။

You-aholicWhere stories live. Discover now