Ep - 4

1.3K 257 130
                                    

(Unicode)

ကျန်းမင်က ရိပေါ်နေရမယ့် အခန်းက်ို ပြပေးသည်။ ရှောင်းကျန့်ရဲ့ အခန်းနဲ့ ကပ်လျက်ဖြစ်ပြီး အိမ်အကြီးကြီးရဲ့ အပေါ်ထပ်မှာ နေတဲ့သူက သူနဲ့ ရှောင်းကျန့်နှစ်ယောက်တည်းပဲဖြစ်သည်။

အခန်းက အလွန်ကျယ်ကာ သပ်ရပ်သန့်ရှင်းလျက် ကုတင်ကြီးကလည်း အလွန်ကြီးမား၏။ တစ်ခါလောက် အိပ်ယာပေါ် လှဲလိုက်တာနဲ့ တစ်သက်လုံး ထတောင် ထချင်ပါ့မလားလို့တွေးလိုက်သည်။

အခန်းထဲမှာ  အရေးပေါ်သုံး ဆေးသေတ္တာပါထားပေးထားပြီး ဖယ်ရိုမုန်းရနံ့က်ို ထိန်းဖို့ ရနံ့ထိန်းဆေးနဲ့ scent patch တွေပါ တစ်ခါတည်း ထားပေးထားသည်။

omega တွေနဲ့ ပက်သက်တဲ့ ဆေးတွေတော်တော်များများလိုလေသေးမရှိအောင်ထည့်ပေးထားသဖြင့် အလုပ်ရှင်ရဲ့ တိကျမှုကိုတော့ ဘယ်လိုချီးကျုးရမလဲမသိတောင်ဖြစ်သွား၏။

ရေချိုးခန်းထဲမှာလည်း တစ်ကိုယ်ရည်သုံးပစ္စည်းတွေကအစ ဘာမှ မလိုအောင် အသေးစိတ်ပြင်ဆင်ထားပေးသည်။

" လိုအပ်တာရှိရင် အချိန်မရွေးပြောပါ ဆရာဝမ် "

" မဟုတ်တာ လိုတာထက်တောင်ပိုနေပါပြီ ။ ကျေးဇူးတင်ပါတယ် "

ရိပေါ်က လက်ကာပြလျက် ကျေးဇူးတင်စကားဆိုလိုက်သည်။

"ဘောစ့်ရဲ့ အခန်းက ဆရာဝမ်နဲ့ ကပ်လျက်ပါပဲ"

" ဟုတ် ။ နားလည်ပါပြီ "

" ဒါဆို ကောင်းကောင်း အနားယူပါ ကျွန်တော့်ကို ခွင့်ပြုပါဦး။ "

" ဟုတ် အစ်ကိုကျန်းမင်လည်း ကောင်းကောင်းအနားယူပါ "

ကျန်းမင်က ရိပေါ်ကို အရိုအသေပေးပြီး အခန်းတံခါးကို ငြင်သာစွာပိတ်သွားပေး၏။

ရိပေါ်လည်း သူ့အဝတ်အစားတွေကို ဘီရိုထဲထည့်ဖို့ရာ ဘီရိုကိုလှပ်လိုက်သည်။

တံဆိပ််မဖြုတ်ရသေးတဲ့ branded အဝတ်အစားအသစ်တွေကို တွေ့လိုက်ရတော့ မျက်လုံးပြူးသွား၏။

အမ် ? ငါ့က်ို အခန်းများမှားထည့်သွားတာလား ? ဘာမှလည်းမပြောသွားဘူး !

ရိပေါ်မှာ စဥ်းစားမရဖြစ်နေချေသည်။

ဘာပဲဖြစ်ဖြစ်လို့တွေးပြီး ကိုယ့်အဝတ်အစားကိုယ် သပ်သပ်ထည့်လိုက်၏။ ပြီးမှ ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်တော့သည်။

You-aholicWhere stories live. Discover now