အပိုင်း(6)uni&zgi

774 41 1
                                    

🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(၆)

"မုယွမ်ယွမ် ! "

"ဟင်? အို့ စားဖိုမှူးပဲ ဘာများပြောစရာရှိလို့လဲ "

"ကိုယ့်နာမည်က ကောင်းမင်ထျန်း ရော့ ဒီမှာ စကော်လားအတွက်ငွေ ပြန်ပေးတာ "

"ဘာလို့လဲ ? "

"........."

ဘာလို့လဲဆိုတဲ့မေးခွန်းက သူ့ရဲ့အသိစိတ်တွေကို နဲနဲတော့ တုန်လှုပ်သွားစေတယ်

ဟုတ်တယ် ဘာလို့လဲ

သူဘာကြောင့်ပြန်ပေးချင်တာလဲ

သူမက အသိုင်းနဲ့အဝိုင်းနဲ့လူရှေ့သူရှေ့မှာပေးလိုက်ပြီးမှ သူက ပြန်ပေးချင်တာက ?

သူ ပါးစပ်တို့ဖွင့်လိုက်ပေမဲ့ ပြောစရာစကားလုံးတို့ပျောက်ရှနေခဲ့တယ်

"ဘာလဲ မိန်းကလေးတစ်ယောက်ရဲ့ပိုက်ဆံဖြစ်နေလို့ မာနကိုထိခိုက်တယ်လို့ခံစားရလို့လား "

".........."

သူမက သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်ကာပြောလာပေမဲ့ သူ့အမြင်မှာတော့ တောကြောင်ရိုင်းကလေးက အစာကိုလုသွားလို့ရန်တွေ့နေတယ်လို့မြင်ပြီးတော့ ချစ်ဖို့ကောင်းနေလေတယ်

"ဒီမှာ ကျောင်းသားလေး ရှင်က ကျွန်မကိုစိတ်ပျက်စေတာပဲ "

"အာ အဲ့လိုမဟုတ်ပါဘူး "

"ဒါဖြင့်ရှင်က ဘာကိုဆိုလိုချင်တာများလဲ "

"ကိုယ်က နဲနဲစိတ်မသန့်ဖြစ်နေရုံပါပဲ "

"ဒါက ရှင်နဲ့ထိုက်တန်တဲ့ဆုလာဒ်ပါပဲ
တကယ်လို့ အဲ့ဒီပိုက်ဆံအတွက်အစားပြန်ပေးချင်တယ်ဆိုလဲ ကျွန်မအတွက်နေ့တိုင်းဟင်းချက်ပေးလေ ဘယ်လိုလဲ ?"

"ကိုယ့်မှာ အချိန်ပိုမရှိဘူး "

"ရပါတယ် ကျွန်မဆိုင်ကိုပဲလာပါမယ် အဲ့လိုဆိုရင်ရော "

"နေ့တိုင်း ခုနှစ်နာရီကနေ ကိုးနာရီအထိ ကိုယ်မင်းအတွက်အချိန်ဖယ်ထားပေးမယ် "

"Ok ရှင့်ရဲ့ဂတိကိုမမေ့ရဘူးနော်"

"ကောင်းပါပြီ "

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now