48.zgi

128 3 1
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(48)

ကောင်းမင်ထျန်း သူ့လက်ကိုအားပိုထည့်လိုက်တော့ နဲကိုရိတာက မခံနိုင်တော့ပဲ သတိလစ်သွားလေတော့တယ်

အဲ့ဒိအခါမှေ‌‌ကာင်းမင်ထျန်း နဲကိုရိတာရဲ့ကိုယ်ကို ကိုင်ပေါက်ပစ်လိုက်ကာ

"နဲကို ! ငါ ရိတာစံကို ဒီတခါ အလွတ်ပေးလိုက်မယ် ဒါပေမဲ့ နောက်တခါ ထပ်လာရှုပ်ဦးမယ်ဆိုရင်တော့ သူ့ကိုသတ်ပစ်မယ် သိကြားမင်းဆင်းတားရင်တောင် မလွတ်စေရဘူး "

"ကောင်းပါပြီ ငါကြည့်ထိန်းလိုက်မယ်"

နဲကိုချီတာက ခေါင်းငြိမ့်လိုက်ကာ သူ့ညီမရဲ့ကိုယ်ကိုထမ်းသွားကာ ကောင်းမင်ထျန်းရဲ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားခဲ့တယ်

ကောင်းမင်ထျန်း ဖြူဖြူဖျော့ဖျော့လေးနဲ့ ဆေးရုံရဲ့အိပ်ယာပေါ်မှာလှဲနေရတဲ့မိန်းကလေးကိုကြည့်လိုက်တယ်

အားလုံးကသူ့အမှားတွေပဲ သူသာ သူမရဲ့ကလေးကိုအမြဲလိုချင်ခဲ့ပြီး အနားမှာ ရစ်ပတ်ချည်နှောင်ထားချင်ခဲ့တာ

အခုလိုဖြစ်သွားတော့ သူမကသူ့နားဆက်နေချင်ပါတော့မလား

သူရဲ့ဆိုးသွမ်းမူ့ကိုလဲမြင်သွားပြီ သူမက သူ့ရဲ့နောက်ခံကိုလဲသိသွားပြီ

ဒါဆို သူမက သူ့ကိုထပ်ပြီးအလိုမရှိတော့ဘူးလား သူ့ကိုရွံသွားပြီးလား

သူနဲ့ဝေးရာကိုထွက်ပြေးတော့မှာလား

ကောင်းမင်ထျန်း အတွေးထဲနစ်ဝင်နေရာမှ ငြီးငြူသံကြောင့် ပြန်အသိဝင်လာခဲ့တယ်

သူမက သူ့ကိုနက်မှောင်တဲ့မျက်ဝန်းများနဲ့ကြည့်နေပြီး

"ငါဘာဖြစ်သွားတာလဲ အဘောရှင်းလား "

"အွန်း "

အခန်းတွင်း ပြန်လည်တိတ်ဆိတ်သွားခဲ့တယ်

သူမက ပိုလို့ငြိမ်သက်သွားခဲ့တယ်

အဲ့လိုငြိမ်သက်နေတာက ကောင်းမင်ထျန်းကိုသတ်နေတာပဲ မတိုးတက်လာပဲ အနုတ်ချည်းပဲပြည့်နေတဲ့သူတို့ရဲ့ခနော်ခနဲ့ဆက်ဆံရေးက ပြတ်လုဆဲဆဲအခြေအနေကိုချဉ်းကပ်လာတယ်လို့ ကောင်းမင်ထျန်းခံစားနေရတယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now