35.zgi

132 5 2
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(35)

မြို့တော်ရဲ့ဆိတ်ငြိမ်ရက်ကွက်မှာရှိတဲ့သူ့အိမ်ကသူမနေဖူးတဲ့အိမ်ထက်နှစ်ဆကြီးတယ် အိမ်ရဲ့ရှေ့မှာ ပန်းခြံနဲ့ရေကန် ဘေးမှာတော့ အရိပ်ရတဲ့အပင်တွေကကာထားပြီးအဲ့အပင်တွေရဲ့အောက်မှာတော့ ထိုင်စရာခုံလေးတွေရှိတယ် အောက်ထပ်ကဧည့်ခန်းကိုနေရောင်ရတဲ့မှန်အကြည်နဲ့ကာထားပြီး အထဲကဇိမ်ခံပစ္စည်းတွေကိုလဲအထင်းသား‌မြင်နေရတယ်

သူဘယ်လောက်တောင်ချမ်းသာသွားတာလဲ

လွယ်လွယ်ချမ်းသာလာတာ ဥပဒေရောလွတ်ရဲ့လား

သူမတွေးမိပြန်တယ်

အိမ်ထဲက အကူတွေအလုပ်သမားတွေဟာလဲ သူမလာမှာကြိုသိနေသလိုမျိုး စောင့်ဆိုင်းနေဟန်နဲ့ ညီညာစွာရပ်နေကြတယ်

သူမပဲအတွေးလွန်နေတာလားမသိ

ဒါကြီးက ကြိုတင်ပြင်ဆင်ထားသလိုမျိုးပဲ သူမလက်ခံလိုက်မှာကိုကြိုသိသလိုမျိုးပဲ

ကောင်းမင်ထျန်း နင်ဘာတွေများလုပ်နေတာလဲ?

သူမ တွေးလိုက်ပြီးနောက် သူမဟာ သူ့ရဲ့တရားဝင်အကျဉ်းသားဖြစ်သွားပြီဆိုတာကိုတွေးမိလိုက်ပြန်တော့လဲ ခေါင်းသာခါရမ်းလိုက်မိတယ်

ဘာထူးသေးလို့လဲ သူမကလဲ ဒုစရိုက်သမားသာသာပါပဲ

"သခင်မလေး ကျွန်မ လင်ဟွမ်ပါ မမလေးရဲ့ကိစ္စအဝဝကိုဆောင်ရွက်ပေးမဲ့သူပါ ဒါကတော့ အိမ်တော်ထိန်း ဟုန်ရိ ဒါကတော့ စားဖိုဆောင်မှာကြီးကြပ်တဲ့ စားတော်ကဲရီ နဲ့ အိမ်မှာအလုပ်သမားအယောက်နှစ်ဆယ်လောက်ပဲရှိပါတယ် သခင်မလေးနေရမဲ့အခန်းကိုလိုက်ပြပေးပါမယ် ကျွန်မနောက်ကလိုက်ခဲ့ပါ "

သူမရဲ့ခံစားချက်တွေက ပိုပြတ်သားလာလေ သူမ သူ့ရဲ့တွက်ချက်နိုင်စွမ်းကို ပိုကြောက်လာလေပဲ

သူမနေရမဲ့အခန်းနဲ့သူမအတွက်အဝတ်ဗီဒို ‌ဖိနပ်ဗီဒို အိတ်တွေ လည်ဆွဲ နာရီ လက်စွပ် ဦးထုတ် နဲ့ ပုဝါတွေပါမကျန် အပြည့်ဖြည့်ထားတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူမ ပါးစပ်ဟောင်းလောင်းနဲ့ အံဩသင့်သွားရတော့တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now