အပိုင်း(15)uni&zgi

577 31 1
                                    


လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(15)

ယွမ်ယွမ် မင်းက ကိုယ် ဘယ်တော့မှ လှမ်းမမှီတော့မဲ့ တော်ဝင်ပန်းလေးတပွင့်ပါပဲ

အေးစက်ပြီးအသက်မဲ့ကျန်ခဲ့တဲ့တိုက်ခန်းမှာ ဝူလင်းယန်ရဲ့သက်ပြင်းချသံကသာ ပျံလွင့်သွားခဲ့လေတယ်

ယွမ်ယွမ် မင်း တကယ်မသိတာလား ဒါမှ မဟုတ် ကိုယ်ချစ်တာကို တမင် မသိချင်ယောင်ဆောင်နေတာလားဟင် ?

ကိုယ်မေးလဲမေးချင်တယ် မေးလဲမမေးရဲဘူး

သိလဲသိချင်တယ် သိလဲမသိရဲဘူး

ဝူလင်းယန် သူ့လက်မှာ သူမပတ်ထားပေးတဲ့ အနာကပ်ပလာစတာလေးကိုအသာအယာပွတ်သပ်နေရင်းမှ ထပ်ပြီးသက်ပြင်းချလိုက်ပြန်တယ်

....

မုယွမ်ယွမ်က သူမရှေ့ကအမျိုးသားကို အံဩစွာကြည့်လို့နေတယ်

"ကိုယ်တို့ငယ်ငယ်ကဆုံဖူးကြတယ်လေ ယွမ်ယွမ် မှတ်မိလား"

"ဟင့်အင်း မမှတ်မိဘူး"

"........"

နိုင်ငံကျော်ရုပ်ရှင်မင်းသားဖြစ်တဲ့ စုန့်ထင်ရှန်း သူ့ရဲ့မျက်ခုံးတို့ကိုခန့်ညားစွာပင့်လိုက်တယ်

တခြားမိန်းကလေးတွေက သူ့ကိုလိုချင်လို့ သဲသဲလှုပ်ဖြစ်နေကြပေမဲ့ ဒီတစ်ယောက်ကတော့ ပျင်းနေတဲ့ပုံတောင်ပေါ်‌ေနသေးတယ်

သူမ သူ့ကိုလိသိပ်မကြည့်ပဲ မိုးရွာနေတဲ့အပြင်ကိုပဲ ငေးကြည့်နေတာပေါ့

"ကိုယ့်ကို မသိဘူးလား"

"သိသားပဲ အဲ့တာဘာဖြစ်လဲ သက်သာသလိုနေပါ ရှင်လဲကျွန်မလိုပဲ ဖိအားပေးခံရလို့ရောက်လာတာပဲဖြစ်ရမယ် အေးဆေးနေ အိမ်ပြန်သွားရင် ကျွန်မကငြင်းတယ်လို့ပြောလိုက် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ငြင်းတဲ့အတွေ့အကြုံများတယ် သူတို့ယုံလိမ့်မယ် "

သူမက လက်ပိုက်ထားပြီး ခုံကိုသက်တောင့်သက်သာမှီထားတယ်

လှိုင်းတွန့်ဆံနွယ်တွေက သူမကျောဖက်ကနေ အရှေ့ကိုအနဲငယ်ဝဲနေလေတယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now