38.uni

499 28 3
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(38)

"‌ဆေး .........သောက်တာ ဘာလို့လဲ?"

"..........."

"ဘာဆေးလဲ "

"တားဆေး"

"..........."

သူမ ဟိုလူတွေရှေ့မှာသောက်လိုက်မိတာပဲ‌

သေစမ်း အခုတော့ ဖြေရှင်းချက်ပေးရတော့မယ်

သူမရဲ့နမော်နမဲ့နိုင်မူ့ကိုပဲ အပြစ်တင်ရတော့မှာပဲ

သူမမေးကိုပင့်မော့လိုက်ကာ

"စာချုပ်ထဲမှာ အဲ့ဒါမပါဘူးလေ "

အဲ့စကားကြောင့် သူက သူမကိုဖော်ပြလို့မရနိုင်တဲ့မျက်ဝန်းမျိုးနဲ့တခနတာစိုက်ကြည့်လာပြီးမှ တလုံးချင်းပြောလာလေတယ်

"ဟုတ်...တာ...ပေါ့ ဟုတ်တာပေါ့"

အဲ့စကားသံက မှန်တယ်လို့ပြောချင်တာလို့ဆိုလိုနေတယ်ဆိုပေမဲ့လဲ ဘာကြောင့်မှနး်မသိ အငြိုးအတေးတချို့ပါနေပုံရလေတယ်

သူက လက်ပိုက်ပြီးမှီရပ်နေရာမှ သူမနားကပ်လာတော့ သူမလဲ နောက်ကိုဆုတ်ရင်း

"နင်! နင်! နင် .....ဘာလိုချင်တာလဲ"

မှန်ကိုနောက်ကျောပေးမိတဲ့သူမကို သူက ခါးကဖက်ပြီးဆွဲလှည့်လိုက်ကာ မှန်ထဲကိုကြည့်စေတယ်

"စောင့်ကြည့်လိုက်လေ ကျွန်တော်ဘာလုပ်ချင်လဲဆိုတာသိမှာပေါ့"

သူမရဲ့ပခုံးနားကဆံနွယ်တွေသပ်တင်လိုက်ကာ သူမရဲ့လည်ပင်းကိုကိုက်ခဲလာလေတယ်

"အားးးးးးးးး "

ခိုင်မာတဲ့လက်တဖက်ကခါးကိုတင်းကျပ်စွာဖက်ထားပြီး သန်မာတဲ့ကျန်လက်တဖက်ကတော့ သူမရဲ့ခေါင်းအနောက်ကိုထိန်းထားကာ ပြေးပေါက်အားလုံးကိုပိတ်ထားလေတယ်

သူမရဲ့နာနာကျင်ကျင်ညီးညူသံနဲ့အတူ စစ်ခနဲဖြစ်သွားတာကြောင့် ပေါက်သွားပြီဆိုတာကိုသိလိုက်ရလေတယ်

မှန်ထဲမှာပြန်မြင်နေရတဲ့ သူမရဲ့ရုပ်သွင်ဟာ နာကျင်မူ့ကြောင့်မျက်ရည်ဝဲနေပြီး သူ့ရဲ့စူးရှတဲ့မျက်ဝန်းတွေက တစက်တောင်မလှုတ်ခတ်ပဲ မှန်ထဲကသူမကိုစိုက်ကြည့်နေလေတယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now