အပိုင်း(8)uni&zgi

680 42 1
                                    


🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(8)

"ကောင်းမင်ထျန်း ရှောင်လိုက်လေ "

သူ ဘက်စကက်ဘောဆော့ရင်း အတွေးထဲနစ်သွားလို့ သူ့ရှေ့တည့်တည့်ပျံလာတဲ့ဘောလုံးကိုမမြင်လိုက်ဘူး

နဂိုအသိစိတ်နဲ့ ပုတ်ထုတ်လိုက်ပြီး အမှတ်တမှတ်ရသွားတဲ့အချိန် သူတွေးလိုက်တာ

ဘာကြောင့်များ စိတ်ရှုပ်နေစရာလိုလို့လဲ သူမကိုသူချစ်တယ် သူမနဲ့ရင်နှီးချင်တယ် သူမကိုလိုချင်တယ် ဒါက ပင်ကိုယ်အသိစိတ်ကဖြစ်လာတာပဲ တမင်လုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ တခါတလေ တင်းကျပ်ထားတဲ့စည်းမျဉ်းတွေကြားက ခုန်ထွက်သွားလိုက်တာကလဲ လွပ်လပ်ခြင်းတမျိုးပဲလေ

ဟုတ်တယ်

သူမကို သူလိုက်မယ်
ပိုးမယ်

ဟုတ်တယ်

ဘာလို့ မလိုက်ရမှာလဲ

သူမ ငြင်းခဲ့ရင်တောင်

အနည်းဆုံးတော့ သူ ကြိုးစားဖူးလို့ နောင်တမရတော့ဘူးပေါ့

"ဘယ်လိုဖြစ်တာလဲ "

"ဟင်? "

"စားဖိုမှူးက ကျွန်မကိုအမြင်မကြည်ဖြစ်နေတာမဟုတ်ဘူးလား ဒီနေ့ကျလူကိုယ်တိုင်ထွက်လာတယ် အံဩစရာပဲ "

သူမက အစားအသောက်မပျက် သူ့ကိုမော့ကြည့်ပြီး ပြောလာတယ်

ပါးဖောင်းဖောင်းလေးနဲ့ နှုတ်ခမ်းရဲရဲလေးတွေ လှုပ်စိလှုပ်စိဖြစ်နေပုံက အသဲယားစရာ

အဲ့ပါးဖောင်းဖောင်းလေးကို လက်ညိုးနဲ့ထိချင်လိုက်တာမှအရမ်းပဲ

သူ မျက်လုံးတွေက သူမလေးရဲ့ပါးမှာသာကပ်နေလေတယ်

သူမကတော့ တူနဲ့ဟိုဟိုသည်သည်နှိုက်လိုက် ပါးစပ်ထဲထည့်လိုက်လုပ်နေပြီး သူမကိုစိုက်ကြည့်နေတာမြင်တော့ လက်ခုံနဲ့သုတ်လိုက်ကာ

"ဘာဖြစ်လို့လဲ ပေနေလို့လား"

"အင်း"

သူမက လက်ခုံနဲ့ဟိုဟိုသည်သည် ပွတ်နေပေမဲ့ ပြောင်မဲ့ပုံမပေါ်ဘူး

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now