Ep - 1

2.9K 226 107
                                    

(Unicode)

S National University ရဲ့တက္ကသိုလ်ကျောင်းဝင်းနားမှာ တစ်ပိုင်တစ်နိုင် ထူထောင်ထားတဲ့ စာအုပ်ဆိုင် အသေးလေးရှိ၏။

ရောင်းအားအသင့်အတင့်ရှိပြီး  ကျောင်းပိတ်တဲ့ စနေ တနင်္ဂနွေဆိုရင် စာအုပ်ဆိုင်လေးမှာ လူအလာ ကျဲတတ်သည်။ များသောအားဖြင့် တက္ကသိုလ်ကျောင်းသားတွေက တက္ကသိုလ်စာကြည့်တိုက်ကိုပဲ သွားကြသည်ကိုး။

ဒါပေမယ့် စာအုပ်ဆိုင်လေးကို တစ်ရက်မပျက် လာတဲ့ လူငယ်လေးတော့ရှိလေသည်။

ထိုလူငယ်လေးမှာ စာအုပ်ဆိုင်ပိုင်ရှင် လူပျိုကြီးကို ကြိုက်နေတာကြောင့်ပင်။

စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ နာမည်က ရှောင်းကျန့်ဖြစ်သည်။

သောကြာနေ့ညနေခင်းတစ်ခု ဆ်ိုင်က ဧည့်သည်ရှင်းနေတဲ့ ညနေစောင်းအချိန်။

က်ိုယ်ပိုင် အထက်တန်းကျောင်းဝတ်စုံကိုဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က လွယ်အိတ်ကြိုးကိုကိုင်ပြီး ဆိုင်ရှိရာဆီ ခပ်သွက်သွက်လာနေလေသည်။

ကောင်တာမှာထိုင်နေတဲ့ရှောင်းကျန့်က ဆိုင်ထဲကနေတဆင့် ထိုကောင်လေးကို အရင်လှမ်းမြင်လိုက်ရာ သရဲ သစ္ဆေတွေ့သလိုပင် လန့်ဖြန့်သွား၏။

အရှုပ်ထုပ်လေးလာပြန်ပြီ !

ရှောင်းကျန့်က အရှုပ်ထုပ်လေးလို့ သတ်မှတ်ထားတဲ့ အထက်တန်းကျောင်းသားလေးက ဝမ်ရိပေါ်ပင်ဖြစ်၏။

ဝမ်ရိပေါ်က လူပျိုကြီးရှောင်းကျန့်ကို နေ့တိုင်းလာဝိုက်နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။

" အားဟွေ့ ။ ဟိုအရှုပ်ထုပ်လေးမေးရင် ငါအပြင်သွားတယ်ပဲပြောလိုက် ။ ငါတော့ သွားပြီ အမလေး ကြောက်တယ် သူ့ကို "

ရှောင်းကျန့်က ကြက်သီးထတဲ့ပုံစံနဲ့ လက်မောင်းနှစ်ဖက်ကို ပွတ်လေ၏။ အားဟွေ့ဆိုတဲ့ ဆိုင်မန်နေဂျာလေးကတော့ ရယ်ပဲရယ်နေသည်။

ရှောင်းကျန့်ရဲ့ စာအုပ်ဆိုင်မှာ ပိုင်ရှင်အပါအဝင် အလုပ်သမားသုံးယောက်သာရှိသည်။

ဝမ်ရိပေါ်ကို လူမြင်တာနဲ့တစ်ပြိုင်နက်တည်း ရှောင်းကျန့်က ထိုင်နေရာကနေ ခုပဲ ထပြေးရတော့မလို။ ပုန်းပဲ ပုန်းရတော့မလို။ ဒါမှမဟုတ်ရင် မသိချင်ယောင်ဆောင်ပြီးပဲ ကိုယ်လုပ်စရာရှိတာကို ဆက်ပြီး အာရုံစိုက်နေရမလား ဖြစ်လေ့ရှိသည်။

24/7  COOL KIDWhere stories live. Discover now