Ep - 2

1.1K 179 48
                                    

(Unicode)

အနမ်းခံရပြီးနောက်ပိုင်း ရိပေါ်က ရှက်တာကြောင့် ရှောင်းကျန့်ရဲ့ စာအုပ်ဆိုင်လေးဆီ ခြေဦးတောင် မလှည့်ဖြစ်ပေ။

ဦးက ရိပေါ် ရဲ့ ပထမဆုံးအနမ်းကို ယူသွားခဲ့တာကြီး။

အဲ့ဒီနေ့က ဦးက ကြောက်စရာကောင်းလောက်အောင် ရိပေါ်ရဲ့နှုတ်ခမ်းတွေကိုစားသုံးနေခဲ့တာကြောင့် လန့်ပါလန့်သွားရတဲ့အဖြစ်။

ဦးကတော့ ပြုံးစိစိနဲ့သူမဟုတ်တဲ့အတိုင်းပင်။ ရိပေါ်သာ ရှက်ရှက်နဲ့ အိမ်ပြန်လာခဲ့ရတာဖြစ်သည်။ အိမ်ရောက်တော့ နှုတ်ခမ်းတစ်ခုလုံးက ပျားတုတ်ခံထားရသလို ထူအန်းလို့။

ဦးကစပြီး ဖုန်းလေးဘာလေးများဆက်မလားလို့ မျှော်လင့်နေခဲ့ပေမယ့် ဖုန်းလည်းမလာခဲ့သလို မက်ဆေ့ချ်တစ်စောင်တောင် ဝင်မနေခဲ့ပေ။

ဦးကလည်း နေနိုင်လိုက်တာ!

ကျောင်းလည်းမြန်မြန်ပြီးချင်ပြီ။ ဦးက ကျောင်းသားတွေကို သဘောမကျဘူးဆိုတာ လျှောက်ပြောတာနေမည်။

ရိပေါ်တို့လို ကျောင်းသားအရွယ်လေးတွေက ဘယ်လောက်တောင်လတ်ဆတ်လိုက်သလဲ။ ဒါကို ဦးကမသိလေတော့ ရင်နာစရာကောင်းလိုက်လေခြင်း။

ဦးက သူ့ကိုလည်း အဖြေပြန်မပေးပဲ နမ်းကျနမ်းသည်တဲ့။ နောက်နေ့ ဦးဆီကိုသွားရင် ရိပေါ်ဘက်က ဇာတ်လမ်းစမယ်လို့ တွေးထားလိုက်သည်။ အဲတာဆို ဦးလည်း ပြန်ရှက်ချင်ရှက်သွားလောက်မည်။

အခု ရိပေါ်က ရှက်ပေမယ့် ရှောင်းကျန့်ရဲ့ နှုတ်ခမ်းနဲ့ ထိထားတဲ့ သူ့နှုတ်ခမ်းကို ပြန်စမ်းရင်း တဟိဟိကလုပ်နေသေးသည်။

.....

ရှောင်းကျန့်က ရိပေါ်မလာတာကြောင့် မျှော်တော့ မျှော်နေမိသည်။ မလာတော့လည်း နာညည်းသက်သာတာပေါ့ဟု တွေးလိုက်ရင်း သဘောတကျရယ်မိသေးသည်။

အဲ့ဒီနေ့က အရှုပ်ထုပ်လေးရဲ့ နှုတ်ခမ်းတွေက လွှတ်မပေးချင်လောက်အောင် ချိုမြနေခဲ့သည်ပဲ။

နှုတ်ခမ်းဖူးဖူးအိအိလေးကိုနမ်းရှိုက်ရင်း အနမ်းတွေထဲ ဘယ်လောက်စီးမြောသွားသလဲဆိုရင် အရှုပ်ထုပ်လေးက သူ့ကို ထုရိုက်ပြီး ဆံပင်ဆွဲဆောင့်လိုက်မှသာ အသိဝင်လာရသည်။

24/7  COOL KIDWhere stories live. Discover now