Ep - 3

1.2K 169 98
                                    

(Unicode)

ကျောင်းပိတ်ရက်ဆိုတော့ ရိပေါ်လည်း အိမ်မှာမနေချင်တာနဲ့ လျှောက်သွားမယ်စိတ်ကူးထားသည်။ သူငယ်ချင်းတွေက မုန့်ဝယ်ကျွေးဆိုလို့ ရှော့ပင်းမောတစ်ခုဆီသွားလိုက်၏။

သူငယ်ချင်းတွေနဲ့ xxx စားသောက်ဆိုင်မှာ ချိန်းထားသည်။ သီချင်းဖွင့်ကာ headphone တပ်ပြီး ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာ စတိုင်နဲ့ မလိုင်နဲ့ လမ်းလျှောက်လာခဲ့သည်။

ဦးကသာမကြိုက်တာ ရိပေါ်ကို သဘောကျတဲ့သူတွေများ ဝိုင်းဝိုင်းကိုလည်လို့။ ခုလည်းကြည့် ရိုးရိုးလေးပဲ လမ်းလျှောက်နေတာတောင် လှမ်းလှမ်းရှိုးနေတဲ့သူတွေက အများကြီး။ မသိရင် ကိုယ်က မင်းသားလိုလို idol လိုလို cele လိုလိုနဲ့။

သူများတွေပြောကြတာ ဝမ်ရိပေါ်က အရမ်းချစ်ဖို့ကောင်းတယ်တဲ့။  ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူ့ကို ဦးက ဘာလို့ပြန်မကြိုက်လည်း ရိပေါ်ဖြင့် စဥ်းစားလို့တောင်မရပါဘူး။

ဦးက အနီးမှုန်ရုံတင်မကဘူး ရိပေါ်ရဲ့ ချစ်စရာကောင်းမှု တစ်သိန်းတစ်သောင်းကိုရော ဘာမှကို မမြင်တာပဲ။

ခက်တယ် ။ သွားပြီး ပါဝါတိုးပေးလိုက်ရမလားပဲ။

ပါးစောင်မှာ ချိုချဥ်လုံးငုံထားပြီး စမတ်ကျကျလမ်းလျှောက်နေတဲ့ ရိပေါ်ကို ဖြတ်သွားဖြတ်လာတစ်ချို့ကလည်း စူးစမ်းသလိုကြည့်နေကြ၏။

လူမျိုးချင်းအတူတူ  အသားဖြူတာချင်း အတူတူ အဝတ်အစားလည်း ဆန်းဆန်းပြားပြားဝတ်မထားပဲ ရိုးရိုးလေးဝတ်ထားတာတောင် ရိပေါ်က ထင်းထွက်နေသည်။ သူ့ကိုကြည့်နေတဲ့သူတွေကို ရိပေါ်က ပေစောင်းစောင်းနဲ့ ကြည့်လိုက်သေးသည်။

နေပါဦး ! ဒီနေ့မှ လူအရမ်းကြည့်ခံနေရသလိုပဲ ။ အရမ်းများချောနေလို့များလား။

ရိပေါ်က ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးသွားမိသည်။

" ရှောင်ကောကော အိတ်က ပွင့်နေတယ် ။ ပစ္စည်းတွေပြုတ်ကျတော့မယ် "

ကောင်မလေး တစ်ယောက်ရဲ့ သတိပေးသံကြောင့် ရိပေါ်က သူ့နောက်ကျောမှာ သိုင်းလွယ်ထားတဲ့ အိတ်ကို အမြန်ကြည့်လိုက်ရသည်။

24/7  COOL KIDWhere stories live. Discover now