Ep - 8

1.6K 202 66
                                    

(Unicode)

ရှောင်းကျင့်က ရိပေါ်ကို အိမ်ပြန်ပို့တဲ့လမ်းတစ်လျှောက် ရိပေါ် မျက်နှာကို တကြည့်ကြည့်။ ရိပေါ်ရဲ့လက်တစ်ဖက်ကို ဆွဲယူကာ ကိုင်ထားလျက် ကားကိုလက်တစ်ဖက်တည်းနဲ့ မောင်းနေလေသည်။

" ကလေးလေးက က်ိုယ့်ကို တကယ်အဖြေပေးလိုက်တာလား "

ရှောင်းကျင့်က ခုထိမယုံနိုင်သေးသလိုမျိူး နောက်ထပ်မေးပြန်သည်။

ဦးကြောင့် ရှောင်းကျင့်ကို အဖြေပေးသလိုဖြစ်သွားမိတော့ နောင်တတောင်ရသွားသလို။ ရှောင်းကျင့်ကို တကယ်မကြိုက်ပဲ သူများခံစားချက်ကို ကစားသလိုမဖြစ်ချင်တာကြောင့် အခက်တွေ့ရသည်။

" ကားကိုပဲ အာရုံစိုက်မောင်းပေးပါလား။ တော်ကြာနှစ်ယောက်လုံး မသာပေါ်နေမယ် "

ရှောင်းကျင့်က ရိပေါ်မျက်နှာကို လှည့်ကြည့်လှည့်ကြည့်နဲ့မို့ပြောလိုက်တာဖြစ်သည်။ ရှောင်းကျင့်ကို စကားရှောင်ရင်း ။

" ဟုတ်ကဲ့ပါ ဟီးဟီး "

ရှောင်းကျင့်ကတော့ သူ့ပုံစံအတိုင်း မျက်နှာပိုးမသေစွာပင်။ ရှောင်းကျင့်လည်း လူကသာဖြည်းနေပေမယ့် အပျော်တစ်ဝက် သံသယစိတ်က တစ်ဝက်ဖြင့် အပြည့်အဝမပျော်နိုင်ရှာ ။

ရိပေါ်က သူ့အစ်ကိုနဲ့တွေ့မှ ရုတ်တရက်ကြီး ကောင်လေးပါလို့ မိတ်ဆက်လိုက်တာကြီးကတော့ နည်းနည်းခေါင်းစားစရာဖြစ်သည်။ ထင်သလိုမဟုတ်ပါစေနဲ့လို့သာ ကိုယ့်ဟာကိုယ်ဖြေသိမ့်နေရသည်။

ရှောင်းကျင့်လည်း ငနုံငအမှမဟုတ်ပဲ။

ဘာပဲဖြစ်ဖြစ် ကလေးလေးက ကိုယ့်ကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ အဖြေပေးတယ်ဆ်ိုတော့ ဒါက ဝမ်းသာစရာပဲမဟုတ်လား။

.
.
.
.
.
.
အိမ်ပြန်ရောက်တော့ စိတ်ပျက်လက်ပျက်နဲ့ အိပ်ယာပေါ် ဖုန်းခနဲ ပစ်လှဲပစ်လိုက်သည်။

ပလက်လှန်ရင်း ဖုန်းကိုဖွင့်လိုက်တော့ wechat ထဲမှာ ရှောင်းကျန့်ဆီက မက်ဆေ့ချ်ပေါင်းများစွာ ဝင်လျက်။

မက်ဆေ့ချ်ထဲမှာ သူနဲ့ မုန့်ရှင်းရန်က ရိပေါ်ထင်သလိုမဟုတ်ကြောင်း ၊ ပြီးတော့ ရိပေါ်နဲ့ ရှောင်းကျင့်က ဘယ်လ်ိုရည်းစားဖြစ်နေတာလဲ မယုံန်ိုင်ကြောင်းတွေပါသည်။

You've reached the end of published parts.

⏰ Last updated: Dec 18, 2022 ⏰

Add this story to your Library to get notified about new parts!

24/7  COOL KIDWhere stories live. Discover now