Ep - 5

977 174 46
                                    

(Unicode)

ရှောင်းကျန့်က အလိုလိုက်နေတော့ ရိပေါ်လည်း အဆင်ပြေနေသည်။အထက်တန်းစာမေးပွဲပြီးတော့ တက္ကသိုလ်မတက်ရသေးခင်စပ်ကြားမှာ ရိပေါ်က ဘာမှလုပ်စရာမရှိပါ။ ဒါကြောင့် နေ့တိုင်း စာအုပ်ဆိုင်ကိုလာပြီး ရှောင်းကျန့်က်ို ဖွန်လာကြောင်ရသည်။

ရှောင်းကျန့်က ရိပေါ်ကို ဖက်လိုက်နမ်းလိုက်သာလုပ်တာ အသက် ၂၀ မပြည့်သေးဘူးဆိုပြီး ခုထိအဖြေမပေးသေး။ ရိပေါ်ကသာ စိတ်ရှည်ရှည်နဲ့ ဦးက်ို စောင့်နေရသည်။

အခု ရိပေါ်က ရှောင်းကျန့်ရဲ့ တိုက်ခန်းကို အလည်ရောက်နေတာဖြစ်သည်။ ရှောင်းကျန့်နေတဲ့ နေရာကို လိုက်ချင်ပါတယ်လို့ အခါတစ်သိန်းလောက်ပူဆာလိုက်ရ၏။

အခုလည်း ရိပေါ်ကို သူ့အိမ်ခေါ်လာပြီး ဧည့်ခန်းထဲမှာ  စာအုပ်ထိုင်ဖတ်နေသတဲ့။

" ဦးက အစုတ်ပလုတ် အဖိုးကြီး "

ရိပေါ်က စားပွဲပေါ်လက်တင်ပြီး ရှောင်းကျန့်ကို မေးထောက်ကြည့်နေရင်း စိတ်ထဲကမကျေမနပ်သံက ပါးစပ်ကနေအလိုလိုထွက်သွားတာဖြစ်သည်။

" ဟေး ချာတ်ိတ် ဘာပြောလိုက်တာ "

ရှောင်းကျန့်က ကြားသွားတော့ ရိပေါ်က သူဘာမှမပြောသလို ဟန်ဆောင်လိုက်ရသည်။

" ဘာ... ဘာမှမဟုတ်ပါဘူး "

" ခုနက ကြားလိုက်ပါတယ် ဘာတဲ့ ..  "

" ဦးက အစုတ်ပလုတ်ကြီး အဖိုးကြီးလို့ပြောတာ သိပြီလား "

ရိပေါ်လည်း ဦးကို အမြင်ကတ်တာနဲ့ အမှန်ပဲပြောချလိုက်တော့သည်။

ဟုတ်တယ် လူက အိုနေပြီကို။ ရိပေါ်လို လတ်လတ်ဆတ်ဆတ် နုနုထွတ်ထွတ်လေးလာကြိုက်တာကို သေအောင် မူတုန်း!

ထိုအခါ ရှောင်းကျန့်က စာအုပ်ကိုချပြီး မျက်ခုံးတွေကို ကျုံ့ကာ ရိပေါ်ကိုကြည့်လိုက်သည်။

" နေပါဦးချာတိတ် ကိုယ်က ခုမှသုံးဆယ်ကျော်ကျော်ရှိသေးတာနော်။ ဦးအရွယ်တောင်မရောက်သေးတာ။ ဘယ့်နှယ့် အဖိုးကြီးတုန်း။ တကယ်ဆိုမင်းက ဦးလို့တောင်မခေါ်သင့်ဘူး။ ကိုကိုပဲဖြစ်ဖြစ် ခေါ်ရင်တောင် ဟုတ်ဦးမယ်။ "

24/7  COOL KIDOnde as histórias ganham vida. Descobre agora