Ep - 7

926 177 90
                                    

(Unicode)

ရှောင်းကျင့်က ကားတံခါးကို အလိုက်တသိဖွင့်ပေးတော့ ရိပေါ်က ကားထဲ အလိုက်သင့်လေးဝင်ရုံ။

ခါးပတ် ပတ်နေဆဲမှာပဲ ဖုန်းသံမြည်လာသည်။ ခေါ်ဆိုသူက ဒီတစ်ခါမှ တကယ် ရှောင်းကျန့်ပဲဖြစ်၏။ contact ကို အသည်းပုံလေးနဲ့သာမှတ်ထားသည်မို့ တခြားသူကြည့်ရင် မည်သူမည်ဝါဆိုတာ မသိနိုင်။

ရိပေါ်လည်း စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းချပစ်လိုက်သည်။ ဆက်တိုက်ခေါ်နေတာနဲ့ ဖုန်းပါပိတ်ပစ်လိုက်၏။

ရှောင်းကျင့်ကတော့ ရိပေါ်ကိုမသိမသာအကဲခတ်ရင်း ဖုန်းကိုပါခ်ိုးကြည့်လိုက်သေးသည်။ အသည်းပုံလေးကိုတွေ့တော့ ရင်ထဲ မကောင်းတောင်ဖြစ်သွား၏။

ကလေးလေးက သဘောကျနေတဲ့လူများရှိနေတာလား ?

" ဖုန်းမကိုင်ဘူးလား "

ရှောင်းကျင့်က ဘာမှမသိချင်ယောင်ဟန်ဆောင်ပြီး ရိပေါ်ကိုမေးလိုက်သည်။

" မကိုင်ဘူး "

" ဘယ်သူခေါ်တာလဲ "

မေးခွန်းက စည်းကျော်နေမလားမသိပေမယ့် သိချင်ဇောနဲ့ ထပ်မေးလိုက်သည်။

" ဒီတိုင်း ဘာမှ အရေးမပါတဲ့ လူတစ်ယောက်ပါ "

" သြော် "

ထို့နောက် ရှောင်းကျင့်လည်း ကားက််ိုသာ အာရုံစိုက်မောင်းနေလိုက်တော့သည်။

ရှောင်းကျင့်က ရိပေါ်ကို ကိတ်မုန့်ဆိုင်တစ်ဆိုင်ကိုခေါ်လာခဲ့သည်။ ဆိုင်ရှေ့ကားရပ်တာမြင်တော့ ရိပေါ်က အလိုလိုမျက်မှောင်ကုတ်သွားသည်။

" ဘာလို့ ဒီကိုခေါ်လာတာလဲ "

" ပျော်စေချင်လို့ပါ စိတ်ညစ်ရင် အချိုစားပေးရတယ်တဲ့ ဟီးဟီး "

ရှောင်းကျင့်က ရှေ့သွားတွေအကုန်ပေါ်တဲ့အထိ ရယ်ပြလာသည်။ ဦးနဲ့ ရုပ်တူနေတာကြီးကိုလည်း အမြင်ကတ်သည်။ အဲ့ဒီယုန်သွားလိုမျိုး သွားတွေကရော ဘာလို့ တူနေရတာလဲ။

ရှောင်းကျင့်ကို ဦးအမှတ်နဲ့ ပိတ်သာထိုးပစ်ချင်တော့သည်။ ဦးလေးကြီးတွေဖြစ်ပြီး ဘာလို့ အချိုတွေကြိုက်နေရတာလဲ။

24/7  COOL KIDWhere stories live. Discover now