သူ့အမေးတစ်ခွန်းမှာ သူမဟာ ဒေါသထွက်ရမှာထက်ရှက်သည့်စိတ်က ကြီးစိုးစွာ
"ကျွန်တော်မေးတာ ရိုင်းသွားလား ဆောရီး မြန်မာစကားနဲနဲအဆင်မပြေလို့"
ဟုတ်သားပဲ သူက ရှမ်းပြည်ကပြောင်းလာတာ မြန်မာလို ပြောရင်ဘယ်စကားကရိုင်းလည်း ယဉ်လည်း မသိသေးတာဖြစ်မယ်
"ဟုတ်ရပါတယ် ကြိုက်နေတာလားမေးတော့ လူကိုထူပူသွားတာပဲ"
"ကျွန်တော့်နောက်လိုက်လာတော့ ကျွန်တော်လည်းဘာမေးရမှန်းမသိဖြစ်သွားတာ"
"အာ စဝ်ခွန်အောင် နောက်ကလိုက်တာ
မဟုတိပါဘူး ရွက်စိမ်း အိမ်ပြန်လမ်းက ဒီလမ်းပဲလေ"ဪလို့ တခွန်းတည်းပြောပြီး ရှေ့ကိုငိုက်စိုက်လျောက်သွားပြန်၏၊ နေရခက်ခက်ကြီးနဲ့ နောက်ကလိုက်ဖို့လည်းအဆင်မပြေတာကြောင့် စကားကို ကိုယ့်ဘက်ကပဲစပြောကာ လမ်းတလျောက် ဖြတ်သန်းလာခဲ့ရသည်၊ အိမ်နားမရောက်ခင် သုံးလမ်းအကျော်မှာပဲသူကကွေ့၀င်သွားတာကြောင့် အဲ့ကျမှပဲ အသက်ရှုချောင်ရတော့သည်။
အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ဆိုင်ကိုသွားဖို့အလုပ်
"မိစိမ်း လာဦး ခဏ"
"ရှင် မမ"
"ငါ သူငယ်ချင်း ပါတီတစ်ခုတက်ရမယ် ဒီဂါ၀န်က နဲနဲရှည်တော့ ကားပေါ်အတက်ဆင်း သိပ်အဆင်မပြေဘူး အာ့တာ နင်လိုက်ခဲ့စမ်းပါ"
"ဟုတ် အာ့ဆို ရွက်စိမ်းရေခဏချိုးမယ်လေ ဖြစ်လား"
"ချိုးချိုးမချိုးချိုး ဒီရုပ်ပဲ အရမ်းအကြောရှည်တယ် ပါတီမှာ နင့်ကို ဘယ်သူမှမကြည့်ဘူး"
"ဟုတ်ကဲ့ပါ"
"ပြောလိုက်ရင် မျက်နှာက အဲ့လိုဖြစ်ရော ငါသွားခါနီးလာခါနီး မို့စိတ်လျော့ထားတာသိလား"
လူ့လောကမှာ ငုံ့ခံရင် နင်းချေတတ်တာ သဘာ၀ဆိုတာသိပေမယ့် ကျောင်းပြီးလို့အလုပ်ရတာနဲ့ ဒီအိမ်ကအမြန်ခွာဖို့သာတွေးမိသည်၊ နေ့စဉ်ရက်စက် ပြောဆိုခံရတာကြောင့် တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် အိမ်ဖော်လို့တောင်မြင်မိသည်၊ ဒါကြောင့် မို့လို သူမကိုမနိုမ်ချဘဲ ဆက်ဆံတဲ့သူဆို အသေအလည်း ခင်မင်မိတာ

YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...