part -3

8.9K 328 3
                                    

"အဲ့နေ့က ပျောက်ခြင်းမလှပျောက်ပြီး ကျောင်းမတက်ရတဲ့ အကြောင်းရင်းကို သေချာတစ်ချက်ရှင်း"

"ငါဘာမှမဖြေချင်သေးဘူး ၊ခဏလောက် မမေးပဲနေပေးပါလား"

"နင်စိတ်အေးတော့မှပြောပြပါ ငါစိတ်ပူနေတယ်ဆိုတာလည်း သိထားပေး"

ခေါင်းပဲညိမ့်ပြရင်း စာအုပ်ထဲကို ခေါင်း၀င်တော့မတတ်ငုံချထားလိုက်သည်။နောက်ကိုလည်းလှည့်မကြည့်ရဲသလို အသံလည်း မထွက်နိုင်၊
ရှက်လွန်းလို့ မျက်နှာက ရေနွေးပူနဲ့ဖျန်းခံရသလို ခံစားနေရသည်။
နီလာ့ကို ပြောပြရင်လည်း မျကိရည်ကျမိဦးမှာမို့ ဘာမှမပြောဘဲ ငြိမ်နေရသည်။

'နောက်တစ်ခါကျွန်တော်ရှေ့ ပေါ်မလာပါနဲ့' တဲ့လား၊ သူ့အနမ်းတွေ ငြိမ်သက်ခံယူပြီးမှ
ကြားလိုက်ရတဲ့စကားတွေကြောင့် အဲ့နေရာမှာတင် အငွေ့ပျံပြီး ပျောက်သွားချင်ရသည်။
သူမကို လွယ်တဲ့မိန်းကလေးများ ထင်သွားပြီလား ဆိုတဲ့စိတ်နဲ့ ကျောင်းတောင်မတက်နိုင်တဲ့အထိ အရှက်ရသွားခဲ့သည်။

သူ့ကို မကြည့်မိအောင်နေရင်း စာကိုကြိုးစားသင်ယူနေရပေမယ့် အာရုံကဘယ်လိုမှစုစည်းလို့မရ

"နီလာ ငါညနေချိန်မတက်တော့ဘူး ၊နေလြိ့သိပ်မကောင်းလို့"

"အဆင်ပြေရဲ့လား ငါလိုက်ပို့ပေးမယ်လေ"

"ငါတစ်ယောက်တည်းပြန်ချင်လို့ ၊ role  call
ရရင်ထိုးထားပေးဦး"

"အေးပါ တစ်ခုခုဆို ဖုန်းဆက်နော်"

"အငိးပါ"

အိမ်တန်းမပြန်ဘဲ ကျောင်းဘေးက royal lake ထဲ၀င်ကာ ကန်ရေပြင်ကို အကြောင်းမဲ့သက်သက် ငေးကြည့်နေမိသည်။
သူမအဖြစ်က အသဲကွဲတာရော အရှက်ကွဲတာရောပေါင်းပြီး ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရသလို ငိုချလို့လည်းမရ။

နားထဲမှာ။ထိုးကြိတ်နေတဲ့အသံတချို့
နေ့ခင်းကြောင်တောင်မို့ အတန်းပြေးပြီး ချိန်းတွေ့တဲ့သူတချို့ကလွဲရင် ဒီနေရာအနည်းငယ်လူပြတ်လှသည်။

ဘုရားဘုရား ချိန်းပွဲတွေဘာတွေမဟုတ်ပါစေနဲ့ ၊သူများတွေကဆိုင်ကယ်နဲ့ ကိုယ်ကတစ်ခုခုဆို ခြေထောက်ပဲရှိတာမို့  လွယ်အိတ်ကလေးကောက်ဆွဲက ထိုနေရာမှ ထထွက်လာလိုက်တော့

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now