part-24

6.8K 302 10
                                    

ညနက်နေပေမယ့် သာယာသောလမင်းကြီးအောက္မှာ ပြိုလဲကျနေတဲ့ ခွန့် ကို ဖက်တွယ်ထားမိသည်။
လသာဆောင်လေးပေမယ့် ကျယ်၀န်းလှတာမို့ လေပြေညှင်းတို့ကအစ ထိတွေပုတ်ခတ်နေလျက်

"မင်းနဲ့ တကယ့်ကို ဝေးကွာသွားရတော့မယ်ထင်နေခဲ့တာ"

ရင်ခွင်ထဲကနေ ခေါင်းကိုမော်ကြည့်ရင်း တိုးတိတ်စွာပြောသည်။
ထို့နောက်ရွက်စိမ်းခါးလေးကို တင်းကျပ်စွာဆွဲယူဖက်ရင်း လည်တိုင်ထဲ မျက်နှာအပ်သည်။

"ရွက္စိမ်းမကောင်းခဲ့တာပါ ရွက်စိမ်း ခွန့် အပေါ်မှာ....."

"ရှူးးးး"

နှုတ်ခမ်းဖျားထက် လက်ကလေးတင်ရင်း သူက စူးနင့်စွာကြည့်လာ၏။
မူးနေပေမယ့် အာလေးလျာလေးဖြစ်နေတာမျိုးမရှိပေမယ့် လက်တွေ့ပုံစံနဲ့ကွာခြားကာကြောင်လေးတစ်ကောင်လို ပွတ်သတ် တိုးဝှေ့ချွဲ့နွဲ့နေကာ

"မင်းကသိုးငယ်လေးလေ
ငါ့လိုကောင်အတွက်္ မင်းကဖြူစင်လွန်းတယ် ၊ငိုမိစေခဲ့ရလို့တောင်းပန်တယ်
မကာကွယ်ပေးနိုင်မှာစိုးလို့ ပစ်ထားမိခဲ့တာတောင်းပန်တယ်"

"မလိုပါဘူးခွန်ရယ် ရွက်စိမ်း အရမ်းကိုသဘောထားသေးခဲ့တာ"

"ငိုနေတာမကြိုက်ဘူး မင်းစိတ်ညစ်ရတာမမြင်ချင်ဘူး ဘာလို့လည်းမသိဘူး
မင်းဘေးနားကနေ အရေးပါတဲ့လူအဖြစ်ရှိချင်မိတယ်"

"ရွက်စိမ်း လည်းထပ်တူပါပဲ
မုန်းခဲ့မိတာတွေက လေ"

"မုန်းလည်းမုန်းသင့်တာပဲ ၊ခံစားချက်တွေအဖြေမရှာမိခင် လုပ်သင့်တယ်လို့ယူဆပြီး
အမှန်တရားတွေနဲ့ခေါင်းကြောမာမိနေတာ"

"ရွက်စိမ်းအပေါ် ဒီလိုစိတ်ထားပေးခဲ့လို့ မုန်းခဲ့တာတွေဟာ မရှိတော့ပါဘူး ၊ ခွန့် ဘေးမှာ မခွဲဘဲရှိနေမယ် နော်...."

"ချစ်မိနေခဲ့တာနဲ့တူတယ် ....''

"ဟင်...."

ရွက္စိမ်းရဲ့ ဆံနွယ်လေးတွေကို နားလေးထဲထိ သိမ်းသပ် ပေးနေရင်း မျက်၀န်းခြင်းတည့်တည့်စုံကာ ခွန် ကဆိုလာသည်။

ရင်တွေအသစ်တစ်ဖန် ပြန်လည်ခုန်ပေါက်ကာ လက်ဖျားတွေအေးစက်ကုန်သည်။
မျက်ရည်ကြည်တချို့စိမ့်ထွက်လာတော့
ခွန်က လက်္မလေးနှင့်ဖယ်ရှားကာ

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now