part-22 (🚨🚨🚨)

16.3K 311 11
                                    

"ဒီနားလာ.....'"

ပေကပ်ကပ်လေးနှင့် အခန်းထောင့်ကနေ မခွာသောရွက်စိမ်းပုံစံကတကယ့်ကလေးလေးအတိုင်း

"ကတိတည်ရမယ်လေ"

ထိုအခါကျမှလေးလံစွာလျောက်လှမ်းလာတာတုံတုံချိချိရယ်

"ကြောက်နေတာလား??"

မေးသမျှမေးခွန်းတိုင်း ဘာတစ်ခုမှမဖြေဘဲ ခေါင်းလေးငုံ့ချပြီးရှေ့မှာလာရပ်နေတာကြောင့်လူကစိတ်မရှည်တော့

"ကျွတ်...!!ဒီကိုကြည့်စမ်းရွက်စိမ်း"

လက်္မောင်းနှစ်ဖက်ကိုလှုပ်ခါမေးတော့ ပြည့်သိပ်‌သောမျက်ရည်တွေနဲ့ ရွက်စိမ်းကမောကြည့်လာသည်။

"ရှင် အရင်ကနဲ့မတူတော့ဘူး အဟင့်"

"ဟုတ်တယ်လေ ဒါပေမယ့်မင်းအပေါ်မှာ....."

"ဟင့်အင်းမပြောနဲ့ ရှင့်ကိုကြောက်တယ်အဟင့် ပြီးတော့... ပြီးတော့ ဒီမှာမပျော်ဘူး"

"မင်းကိုတစ်သက်လုံးချုပ်နှောင်ထားမှာမှမဟုတ်တာ"

"ဟို ဟို  အန်ကယ့်ကိုရော သတ်ပစ်မိပြီးလားဟင် ပြောစမ်းပါဦး....'

"မေးခွန်းတွေများတာ ငါမကြိုက်ဘူးရွက်စိမ်း"

ညနေစောင်းလောက္မှ လက္မှတ်ထိုးဖြစ်ကြပြီး အကျီလေးတောင်မလဲနိုင်ဘဲ ကိစတွေကို အတတ်နိုင်ဆုံးထိန်းသိမ်းကာ သူမဆီအရောက်လာခဲ့သည်။ ဒါတောင် သူမမှာ
ပြိုတော့မယ့်မိုးလို ညှို့မှိုင်းနေလျက်

"မေးရမှဖြစ်မယ် သိရမှဖြစ်မှာပေါ့"

"သူတို့ငါ့အသက်ကိုရန်ရှာဖူးတယ် ဒါကြောင့်"

"ကိစတွေကအဲ့လိုရှိခဲ့တာကိုး ဒါပေမယ့် ရှင့်နဲ့
Jay ကဘာရန်စမှမရှိခဲ့ဘဲ"

"ငါကသက်သက် ရန်ရှာတယ်ထင်တယ်ပေါ့"

"မဟုတ် မဟုတ်ပါဘူး ကျွန်မက..."

"မင်းသူ့ဘက်ကနေကာကွယ်ပြောဆိုနေတာ
မင်းအတွက္မကောင်းဘူးဆိုတာ နားမလည်ဘူးလား"

"လက်ခံရမှာပဲ ရှင်လက်ခံရမှာပဲ ဒါကရှင်ရသင့်တဲ့နာကျင်မှု"

"မင်းသူ့ကို ချစ်ချစ်မချစ်ချစ် ငါ့ရှေ့မှာရှိနေတိုင်းအဲ့ကောင်အကြောင်းပါးစပ်ကနေမထွက်နဲ့"

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now