part-28

6.4K 287 10
                                    

"မင်းကိုယ့်ကြောင့် အခက်တွေ့နေရပြီ"

နဖူးစပ်က ဆံစလေးတွေကို ခပ်ဖွဖွ ပွတ်သပ်ပေးတော့ ရွက်စိမ်းက သူ့ကို မျက်ရည်တွေရစ်ဝိုင်းပြီးကြည့်လာသည်။

"ရွက်စိမ်း!!!"

"အဟင့် ခွန်!!!!"

အိပ်ယာထက်လှဲနေရာကနေ အတင်းကျုံးဖက်တော့ ခွန် ရင်ထဲမကောင်းဖြစ်သွားရသည်။
ချက်ခြင်းဆိုသလို သူမကို ဒီလိုဖြစ်စေတဲ့
ကိစရပ်အတွက် ထင်သလိုကြမ်းရမ်းချင်စိတ်ကထိန်းမရ

"ဘာမှမဖြစ်ဘူး မကြောက်နဲ့နော် !!!"

"ထားမသွားပါနဲ့ ဘယ်လိုကိစပဲရှိရှိ ချစ်တယ်
ချစ်တာမို့လို့....""

"အင်း ကိုယ်ကပိုချစ်တယ် မင်းထင်ထားတာထက်ပိုပြီး.....'

"မငိုနဲ့နဲ့တော် နော်!!!"

မျက်ရည်တွေကို လက္မလေးနှင့်ဖယ်ရှားပေးရင်း မျက်နှာလေးကို ဆွဲယူမော့‌စေလိုက်သည်။

"ယုံအောင်မပြောတတ်ပေမယ့် အထင်မှားစရာတွေ ရှိလာလာ မင်းသူများနောက်ပါပဲ
ပါသွားဦး လိုက်ခေါ်မယ့်ကောင် မင်းသိဖို့က
ကိုယ့်အတွက် မင်းကတစ်ဦးတည်းသော တော်စပ်မှု "

"ရွက်စိမ်းလေ ခွန့် ဘေးကသွားမှာမဟုတ်ပါဘူး ခွန် ထင်နေသလိုတွေလည်း လုပ်ထားတာမရှိလို့ အမြဲ ခွန့်ဘေးမှာ ရှိနေမှာပါ.....'"

"အွန်း ခြေထောက်က ယောင်နေတယ် လေ‌ာလောဆယ် ထသွားထလာ သိပ်မလုပ်နဲ့"

"ခွန် !!!!'

"ဟင်"

"ဒီအိမ်ကြီး မဟုတ်ဘူး ဒီခြံထဲမှာလေ ...."

"ဆက်ပြောလေ ဘာတွေ့ထားလို့လည်း!?'

"တစ်ခုခုရှိနေတယ်!!!!!"

"ခြံထဲမဆင်းနဲ့ ကျေးကျေး ဘေးမှာရှိနေလိမ့်မယ်"

ရွက်စိမး် မျက်လုံးလေးတွေ ကနောက်ကျောကနေ ကဲ့ကြည့်ရင်း ပြန်လည်ငြိမ်သက်သွားသည်။ ခွန့်ရဲ့လက်ကို တင်းကနဲစုပ်ကိုင်ရင်း
ခေါင်းလေးသဲ့သဲ့ခါပြသည်။

"မမ‌လေး မကြောက်ပါနဲ့နော ်ကျေးကျေး ရှိနေပေးမယ်လေ!!!"

"ကျေးကျေးကိုပဲ အားကိုးရတော့မယ်
မနေ့ကလည်း မင်း ရေတွင်းပျက်နားထိမေ့လဲနေခဲ့တာ ဒဏ်ရာတွေရော သက်သာပြီလား!!"

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now