part -4

8.7K 300 3
                                    

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ခန့်......

ရှမ်းစော်ဘွားမျိုးနွယ် တစ်ဦးရဲ့ မဟေသီတစ်ပါးဟာ ကိုယ်၀န်ကိုလွယ်ရင်း
တောနက်ထဲမှာ အထိန်းတော်တစ်ယောက်သာပါလျက် ပြေးလွှားနေခဲ့ရသည်။

ခြေဖဝါးနုနုတို့က သွေးတစက်စက်ကျနေတာတောင် ဗိုက်ထဲက ရင်သွေးအတွက် တစ်စက်မှ နာဟန်မပြ၊ ကြောက်ရွံ့ခြင်းလည်းမရှိ၊ရင်သွေးအတွက် လုံခြုံသည့်နေရာကိုသွားနေသည့် ကျားမလေးသဖွယ်

ထိုစဉ်!.....

"အား!!!!''

တောနက်ထဲမှာထောင်ထားသည် ထောင်ချောက်တွင်းတစ်ခုပေါ်သို့ နန်းစိန်ဆိုသည့် သူ့အထိန်းတော်ဟာ
ပြုတ်ကျသွားခဲ့သည်။

ကိုယ်ရှိန်သတ်လိုက်ရင်း ကြည့်နေမိတာ မျက်တောင်မခတ်တမ်းပင်

သွေးတို့ကမြင်မကောင်းစွာ ၊ပါးစပ်ကနေ ပြန်ထွက္နေသည့်ဝါးချွန်မှာ အသားစတွေတောင်ပါနေခဲ့သည်၊ ပြူးကြယ်နေသောမျက်၀န်းတွေက သေငယ်ဇောကြောင့် ထိတ်လန့်စဖွယ်
ပွင့်ဟနေခဲ့သည်။

သူမဟာ လည်း ရှမ်းစော်ဘွားမျိုးနွယ်မို့ ဒါတွေဟာသိပ်မဆန်းတော့
ဘေးဘီဝဲယာကြည့်လိုက်တော့ မကြာသေးခင်ကမှ ခုတ်ဖြတ်ထားတဲ့ သစ်စိမ်းကျိုးအနံကစူးခနဲ

"ဟွန်း  လူနုံလူအနဲ့မို့ လုပ်ကြံခိုင်းရက်သလား
ဘိုးလေးတော်ရယ်"

ဝါးချွန်ရှည်တစ်ချောင်းတွေ့တာနဲ့ ဆွဲယူလိုက်ပြီး တောင်ခြေရှိ သူမ မြင်းထားရာနေရာသို့သွားရန်စိုင်းပြင်လိုက်စဉ်

"ဟေ့ ဟေ့ ဒီလိုပြေးလို့လွတ်မတဲ့လား
စဝ်ခေမာ၀တီ"

"တော်တန်တိတ် သတိရှိရင် လူလုံးထွက်ပြပါလေ"

သစ်ပင်ကွယ်ကနေ ထွက်လာသော သီပေါဘက်က ရှမ်းစော်ဘွား အုပ်စုရဲ့ လက်ပါးစေ၊
ရှင်းရှင်းပြောရရင် ဖခင်ရဲ့ ညီတော် ၊
ဘိုး‌ေလး တော်တို့ အဖွဲ့ပင်၊
အာဏာသိမ်း ခင်ပွန်းသည်ကို လုပ်ကြံသည့်အပြင် အကိုအရင်းကိုပါ အရှင်လတ်လတ် မီးရှို့ခဲ့သူ

နာကြည်းမှုက အသည်းထဲ၀ယ်တဆစ်ဆစ်
အကြောင်းရင်းကတော့ အနောက္နိုင်ငံက‌နေ မှောင်ခိုတင်သွင်းမည့်လက်နက်တွေကို စပ်တူမ၀ယ်ပေးတာကစတင်ခဲ့သည်။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now