memory bring back

3.2K 140 15
                                    

"ဟိုးနားကထိုင်နေတဲ့တစ်ယောက်ကို ဒါလေးသွားပေး"

စာပေးခိုင်းတော့ အရပ်ပုပုသေးသေးချာတိတ်လေးက ပေစောင်းစောင်းကြည့်လာသည်။

"လာပြန်ပြီ!!!"

"လုပ်ပါ နဲနဲရိုရိုသေသေဆက်ဆံ "

"ဘယ်အရာမှအလကားမရဘူး"

"ရော့ တစ်သောင်း!!"

အိတ်ကပ်ထဲက ပိုက်ဆံထုတ်ပေးတော့
ပေစောင်းစောင်းအမူယာက တစ်ထစ်လျော့သွားပြီး

"လမ်းကြုံရင်းပေးပေးတာ သဘောပေါက်"

"ကောင်းပါပြီ ဆရာသမားရယ်.."

ထိုကလေးကမြောက်ကြွမြောက်ကြွနှင့် အာလူးကြော်ကိုမက္မက္စက်စက်စားနေသော အမျိုးသမီးနားဆီ ရပ်သွားသည်။
ထို့နောက်

"ရော့ ဟိုးက လူ စာပေးခိုင်းလို့"

"ဘာတွေရုပ်ရှင်လာရိုက်နေလဲ မမောသေးဘူးလား"

"ယူထားလိုက်ပါ စိမ်းရာ"

"ဒီဟာလေးတော့ ကိုင်ပေါက်္မိတော့မယ်"

"ဒီမှာ တစ်သောင်း ခိုင်လာတာ စာလေးယူပြီး နဲနဲပါးပါးဖောရှောလိုက်လေ "

"နင်ကဆရာလား ငါကဆရာလား"

"စိမ်းက စိမ်းပါ"

"ငရဲကြီးမယ်နော်"

"ကြီးပါစေ ဒီကချစ်လို့ခေါ်တာ"

"အံမယ်"

"ကဲပါ စာဖတ်ကြည့်လိုက်ဦး"

"လုံး၀မဖတ်ဘူး"

"ကျွတ် အဲ့လိုဆက်စိတ်ကောက်နေရင် ဘွားတော်ကိုပစ်ပြီး အလန်းဇယားနောက်ပါသွားဦးမယ်"

"ဒေါက်!!"

"အားနာတယ်စိမ်းရ!!!"

"အမေကို အဲ့လိုပြောစရာလား ဟမ် ဟိုးကလူကို ဒီစာပြန်ပေးလိုက် မဖတ်နိုင်ပါဘူးလို့
ငါနှစ်သောင်းပေးမယ် သွား"

"သနားပါတယ်စိမ်းရာ "

"ငါကိုင်ပေါက်္မှာနော် မိုင်း!!!"

"ပြီးတာပဲဗျာ ကလေးကလားနဲ့ တကယ့်ကို အလုပ်ရှုပ်တယ်"

ဖင်လေးကုတ်လိုက် ခေါင်းလိုက်ကုတ်လိုက်နှင့် တစ်ဖက် ခုံတန်းနားဆီ ပြန်လျောက်သွားသည်။

You've reached the end of published parts.

⏰ Last updated: Dec 12, 2023 ⏰

Add this story to your Library to get notified about new parts!

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now