အပိုင်း ၅၇

2.8K 382 1
                                    

Unicode

ဟန်ရှောင်လင်ဟာ စန်းယွမ်ယွမ်အား တမေ့တမော ငေးကြည့်နေမိဆဲ။
  
စစ်ပွဲပေါင်းရာနှင့်ချီ၍ တိုက်ခဲ့ရသော စစ်မြေပြင်က စစ်သည်တော်များပင်လျှင် ဆိုးဝါးသော အတိဒုက္ခနှင့်တူလှသည့် ဤအခြေအနေမျိုးမှာ ပုံမှန်လို တည်ငြိမ်နေကြဖို့ဆိုတာ ခက်ခဲကြတာချည်းပင်။
  
ဥပမာအားဖြင့် ယုံးအရိပ်ကိုယ်ရံတော်များဟာ ပုံမှန်နေ့ရက်တွေကလိုမျိုး ခုန်ပေါက်နေသည့်မျောက်တွေလိုတောင် လုပ်မနေကြတော့ပေ။
  
ထိုအရူး ယုံးဝူမင့်ကလွဲ၍ပင်။ ဟန်ရှောင်လင်အနေဖြင့် နတ်ဆိုးများနှင့်ရင်ဆိုင်ရသည့် စစ်ပွဲအတွင်းမှာ မျက်နှာတစ်ချက်မပြောင်းသည့် ယုံးဝူမင့်လို နောက်တစ်ယောက်ကို ထပ်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါပေ။
  
ထို့အပြင် ထိုလူက အမျိုးသမီးဖြစ်နေသေးသည်။ အလွန်အားနွဲ့မည့်ထင်ရသည့် အမျိုးသမီးတစ်ယောက်ပါပေ။
  
ဟန်ရှောင်လင်သည် လူတွေ၏မျက်နှာကို မရေမတွက်နိုင်အောင် ဖတ်ဖူးသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုအမျိုးသမီးဟာ တည်ငြိမ်ချင်ယောင်ဆောင်နေတာမျိုး မဟုတ်သလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးကို အသားကျနေတာကြောင့် ဂရုမစိုက်နေတာမျိုးလည်း မဟုတ်ဘူးဆိုတာ သိပေသည်။
  
သူမလေးဟာ အချိန်မတိုင်ခင် ပွင့်လန်းလာသော အောင်ပန်းလေးနှယ် ရှိနေသည်။ တကယ်ဆို အရာအားလုံးပြီးဆုံးသွားမှ မျှော်လင့်ချက်တွေနှင့်အတူ၊ ဘဝအသစ်နှင့်အတူ ပွင့်လန်းလာသင့်လှပေ၏။ ထိုထူးဆန်းလှသောအတွေးက သူ့စိတ်ထဲ ရုတ်ချည်းပေါ်လာရသည်။
  
သူ စန်းယွမ်ယွမ်ကို လုံးလုံးလျားလျား စိုက်ကြည့်နေမိ၏။ သာမန်မျက်နှာတစ်ခုလို ဖုံးကွယ်ထားသော ထိုမျက်နှာဟာ ဤခဏမှာတော့ တလက်လက်တောက်ပနေသော အဖြူရောင်အလင်းတန်းများဖြင့် လင်းဖြာနေသည့်အလား။
  
ရုတ်တရက် သူစိတ်လွတ်သွားကာ ယုံးဝူမင့်ထံ လွှတ်ခနဲ စကားဆိုမိသွားလေသည်။

"မင်းက စန်းမင်းသမီးကိုပဲ အမြဲတွေးပြီး တောင်းတနေတာမလား။ဒီအမျိုးသမီးနဲ့က ဘယ်လို ပတ်သက်နေတာလဲ"
  
ထိုမှတ်ချက်စကား ထွက်ကျလာသည်နှင့် နေရာမှာရှိသည့်လူတိုင်းက ထိတ်လန့်ကုန်တော့သည်။
  
စန်းယွမ်ယွမ်သည် သူမ၏ ကမ္ဘာ့အမြင်တွေက တကယ့်ကိုသက်ရောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤအမည်ခံခင်ပွန်းသည်က .....သူမအတွက် မနာလိုဝန်တိုဖြစ်နေတာတဲ့လား။
  
ဘာအဓိပ္ပါယ်မှ ရှိမနေဘူးနော်!
  
သူမ ငေးကြောင်စွာဖြင့် မျက်စိလေး ပုတ်ခပ်ပုတ်ခပ် ဖြစ်သွားရတော့သည်။
  
သူမ၏ တည်ငြိမ်နေမှုက တခြားလူတွေအတွက် ဘယ်လောက်ထိ အံ့ဩစရာကောင်းနေလဲတော့ ခုထိ သူမ မသိသေးချေ။
  
တကယ်တော့ သည်လို ပုံမှန်မဟုတ်သည့် စိတ်ပိုင်းဆိုင်ရာ အရည်အချင်းမျိုးက စိတ်တင်းကာ ကိုယ့်ကိုယ်ကို မညှာမတာခိုင်းစေခဲ့ခြင်းကနေ ထွက်ပေါ်လာခြင်းမျိုးပင်ဖြစ်ပါ၏။
  
သူမသည်လည်း တစ်ချိန်တုန်းက မီးရောင်စုံများအောက်မှာ အရှက်ခွဲစော်ကားခံခဲ့ရစဥ်က မနူးမနပ်လေးတစ်ယောက်ဖြစ်ခဲ့ကာ တစ်ကိုယ်လုံး တုန်ယင်၍ စကားတစ်ခွန်းတောင်မပြောနိုင် ဖြစ်ခဲ့ဖူးသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now